အာဆင်နယ်နည်းပြ အာတီတာက အသင်းတိုက်စစ်မှူး အန်ကယ်တီယာမှာ ပိုကောင်းလာဦးမည်ဟု ချီးကျူးပြောကြားခဲ့သည်။

အန်ကယ်တီယာသည် ဂျေးဇူး ဒဏ်ရာရပြီးနောက် အာဆင်နယ်အသင်းတွင် ပွဲထွက်ခွင့်ရနေပြီး နောက်ဆုံး (၆)ပွဲတွင် (၅)ဂိုး သွင်းယူထားသည်။

အာတီတာက ”အန်ကယ်တီယာက တကယ်ကောင်းတဲ့ အဆုံးသတ်သမားတစ်ဦးဖြစ်ပြီး ပြေးလွှားလှုပ်ရှားတာတွေကလည်း ချိန်သားကိုက်ပါတယ်။ သူ့အနေနဲ့ စွမ်းရည်တွေကို ကွင်းအတွင်းမှာ ပြသနေပြီး အခုထက်ပိုပြီးလည်း ကောင်းလာဦးမှာပါ”ဟု ပြောကြားခဲ့သည်။






