Monday, February 9, 2026
spot_img
spot_img

အနာဂတ်တွင် ပိုကြီးသောအရာများအတွက် မန်ယူ ယှဥ်ပြိုင်လိမ့်မည်ဟု ယုံကြောင်း ဖာနန်ဒက်စ် အခိုင်အမာဆို

မန်ယူအသင်းအနေနဲ့ နောက်ကွယ်မှာ လုပ်ဆောင်စရာတွေ လိုအပ်နေပေမဲ့လည်း ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ သူတိုအသင်းဟာ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ပိုကောင်းတဲ့၊ ပိုကြီးတဲ့ အရာတွေအတွက် ယှဥ်ပြိုင်တိုက်ပွဲဝင်လိမ့်မယ်လို ယုံကြည်ကြောင်း ရဲရဲတင်းတင်းပဲ ပြောကြားလာခဲ့ပါတယ်။

ဖာနန်ဒက်စ်နဲ့ သူ့ရဲ့မန်ယူအသင်းဖော်တွေဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးလေးသင်းနေရာအတွက် ရုန်းကန်နေရပြီး ဒီစွမ်းဆောင်နိုင်မှုက လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ကစားရလိမ့်မယ်လို ဆိုလိုတာ ဖြစ်ပါတယ်။ ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲတွေမှာ နေရာတစ်နေရာရရှိခြင်းဟာ အဲရစ်တန်ဟက်ဂ် နဲ့ သူ့ရဲ့အဖွဲအတွက် အောင်မြင်မှုတစ်ခုအဖြစ် ရှုမြင်မှာဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဒီရာသီ အိုးထရက်ဖိုဒ်မှာ အာဆင်နယ် နဲ့ မန်စီးတီး အသင်းတွေကို အနိုင်ယူခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတိုဟာ လီဗာပူးကို ၇-၀ နဲ့ ဘရန့်ဖိုကို အဝေးကွင်းမှာ ၄-၀ နဲ့ ရှုးခဲ့ပါတယ်။

မန်ယူအသင်းဟာ အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦး ၊ အခြားကွင်းလယ်လူ နဲ့ ဗဟိုနောက်တန်း တို အပါအဝင် နယ်ပယ်အများအပြားမှာ ချိုတဲ့နေပါတယ်။

ယခုနွေရာသီဟာ လာမည့်ရာသီအတွက် မန်ယူရဲ့ အရှိန်အဟုန်ကိုသတ်မှတ်ဖို အခရာဖြစ်နိုင်ပြီး ပိုမိုကောင်းမွန်အောင်မလုပ်ဆောင်ပါက အလားအလာရှိတဲ့ပြိုင်ဘက်တွေရဲ့နောက်ကို ရောက်သွားနိုင်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments