Thursday, January 22, 2026
spot_img
spot_img

အထောက်အထားမခိုင်လုံသဖြင့် ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး အမ်ဘာပေ၏ မုဒိမ်းမှုစွပ်စွဲချက် စုံစမ်းစစ်ဆေးမှုကို ပိတ်သိမ်း

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး အမ်ဘာပေ၏ မုဒိမ်းမှုစွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးမှုကို အထောက်အထားမခိုင်လုံသဖြင့် ဆွီဒင်နိုင်ငံရှိ အစိုးရရှေ့နေများက ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင် အမ်ဘာပေသည် အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့သို့သွားရောက်စဉ် ဟိုတယ်တစ်ခု၌ဖြစ်ပွားသည့် မုဒိမ်းမှု ဖြစ်စဉ်တွင်ပါဝင်သဖြင့် စုံစမ်းစစ်ဆေးခံနေရခြင်းဖြစ်သည်။

သို့သော် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးရန် အထောက်အထားမခိုင်လုံသဖြင့် စစ်ဆေးမှုကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆွီဒင်အစိုးရ ရှေ့နေအဖွဲ့က ထုတ်ပြန်ခဲ့သည်။

Real Madrid forward Mbappe rape case

“စုံစမ်းစစ်ဆေးမှုလုပ်နေစဉ်ကာလအတွင်းမှာ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု နှစ်ခုအတွက် ကျိုးကြောင်းဆီလျော်တဲ့ သံသယရှိသူကို သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အကဲဖြတ်သုံးသပ်မှုအရ သက်သေအထောက်အထားတွေ လုံလောက်မှုမရှိတာ ကြောင့် စုံစမ်းစစ်ဆေးမှုကို ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ အဲဒီသတ်မှတ်ထားတဲ့သူကို ရာဇဝတ်မှုကျူးလွန်ခြင်းအတွက် သံသယရှိကြောင်း အကြောင်းကြားထားခြင်းမရှိသေးပါဘူး” ဟု စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ပြုလုပ်ခဲ့သူ မာရီနာချီရာကိုဗာက ပြောကြားခဲ့သည်။

အမ်ဘာပေ၏ ရှေ့နေဖြစ်သူနှင့် ကိုယ်စားလှယ်အဖွဲ့က အမှုပိတ်သိမ်းခြင်းအတွက် မှတ်ချက်ပေးခြင်းမရှိသေးသော်လည်း ကနဦးစွပ်စွဲချက်များထွက်ပေါ်စဉ်ကတည်းက လုံးဝမှားယွင်းပြီး ညစ်ညမ်းသည့် ကောလာဟလသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments