Tuesday, January 13, 2026
spot_img
spot_img

အဆင့် ၁ နေရာက ဖယ်ပေးလိုက်ရတဲ့ အာဆင်နယ် အသင်းသားတွေကို သတင်းစကားပါးလိုက်တဲ့ အွန်နရီ

ဂန်းနား ဂန္တဝင် တိုက်စစ်မှူးကြီး သီယာရီ အွန်နရီ က မန်ချက်စတာစီးတီး အသင်းကို တစ်ဂိုး – သုံးဂိုး နဲ့ ရှုံးနိမ့်ပြီး အဆင့် ၁ နေရာက ဖယ်ပေးလိုက်ရတဲ့အပေါ် စိတ်ပျက် အားမလျော့သွားကြဖို့ အာဆင်နယ် အသင်းသားတွေကို အားပေး စကားဆို သွားခဲ့ပါတယ် ။

မန်စီးတီး အသင်းဟာ ဒီဘရိုင်းနား ၊ ဂရီးလစ်ရှ် ၊ ဟာလန်း တို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ အာဆင်နယ် အသင်းကို အဝေးကွင်းမှာ အနိုင် ရခဲ့တာ ဖြစ်ပါတယ် ။ မန်စီးတီး နှင့် အာဆင်နယ် တို့ဟာ ရမှတ် တူပေမယ့် ဂိုးကွာခြားချက်မှာ မန်စီးတီး က အသာစီး ရနေတာကြောင့် ဂန်းနားတို့ အဆင့် ၁ နေရာကနေ ဖယ်ပေး လိုက်ရတာပါ ။

အာဆင်နယ် အသင်း ရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်တဲ့ အွန်နရီ က မန်စီးတီး ကို ရှုံးနိမ့် ခဲ့ရတဲ့ ပွဲအပြီး အာဆင်နယ် အသင်း အနေနဲ့ ရှုံးပွဲ က​နေ ပြန်လည် တုန့်ပြန် ပြနိုင်တဲ့ အသင်း ဖြစ်ကြောင်း ဗီလာ နဲ့ ပွဲမှာ သက်သေပြဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

” မန်စီးတီး က ကျနော်တို့ ကွင်းကို လာပြီး အနိုင် ကစားသွားခဲ့တာပါ ။ အခု အချိန်မှာ ကျနော်တို့ အာဆင်နယ် အသင်းသားတွေ အနေနဲ့ ရှုံးပွဲ ကနေ ပြန်လည် ရုန်းထ တုန့်ပြန် နိုင်စွမ်း ရှိကြောင်း ပြသ ရမယ့် အချိန်ပါပဲ ၊ ရာသီအစမှာတုန်းက စီးတီး လည်း ဒီလို ရှုံးပွဲတွေ ကနေ ပြန်လည် တုန့်ပြန် ပြ ခဲ့ဖူးပါတယ် ၊ ဒီတစ်ခေါက်တော့ ကျနော်တို့ အလှည့်ပေါ့ဗျာ ။ ”

” ဗီလာ နဲ့ ရင်ဆိုင် ကစားရတဲ့ ပွဲမှာ ရှုံးပွဲကို ပြန်ပြီး တုန့်ပြန် ပြလိုက်ကြပါ ၊ နောက်ပြီး စီးတီး ရဲ့ အိမ်ကွင်းမှာ ပြန်လည် ရင်ဆိုင် ကစားရမယ့် ပွဲမှာလည်း တစ်စုံတစ်ခု လုပ်ပြနိုင်အောင် ကြိုးစားပြလို​က်ကြကွာ ၊ အခု အချိန်မှာ အားလုံး အတွက် ခက်ခဲ နေကြမယ်မှန်း သိပါတယ် ။ ”

“အားလုံး စိတ်အေးအေး ထားကြပါလို့ မှာချင်ပါတယ် ။ ဒီကနေ့ မင်းတို့ ရှုံးသွားခဲ့တဲ့ အသင်း က ထိပ်တန်း အသင်းပါ ၊ ဖိုဒန် အကန်ဂျီ တို့လို ကစားသမားတွေကို လူစားလဲ ထည့်သွင်းလို့ ရတဲ့ အသင်းပါ ၊ အာဆင်နယ် က စီးတီး လို အရန် ကစားသမားတွေ မပိုင်ဆိုင် ထားပါဘူး ၊ မင်းတို့ရဲ့ အေးဆေး တည်ငြိမ်မှုတွေကို ဆက်လက် ထိန်းသိမ်းထားကြပါ ။ ”

” မန်စီိးတီး ကို ရှုံးလိုက်လို့ ကိုယ်ရှေ့မှာ လုပ်ထားခဲ့တဲ့ အရာတွေ အားလုံး အမှိုက်ပုံးထဲ ရောက်သွားတာ မဟုတ်ပါဘူး ။ အေးဆေး တည်ငြိမ်မှုကို မပျက်ပြားသွားပါစေနဲ့ ၊ ဗီလာ နဲ့ ပွဲမှာ ကိုယ်ရဲ့ အမှားတွေကို ပြန်လည် ချေဖျက်ပြလိုက်ပါ ၊ နောက်ပီး မင်းတို့ဆီမှာ ကစားဖို့ ပွဲတစ်ပွဲ ကျန်နေသေးတာကိုလည်း မေ့မထားကြပါနဲ့ ။ ” လို့ အားပေး သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments