Wednesday, January 14, 2026
spot_img
spot_img

အင်္ဂလန် ၃ သင်းရဲ့ မတူညီတဲ့ ကံကြမ္မာ ၊ နွေရာသီအကြို အပြောင်းအရွှေ့တွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားသွားခဲ့တဲ့ ဥရောပ ပွဲစဉ်တွေမှာတော့ အင်္ဂလိပ် ကလပ် ၃ သင်းဟာ မတူညီတဲ့ ရလဒ်တွေ ပေါ်ထွက် ခဲ့ပါတယ် ။ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အာဆင်နယ် ၊ မန်စီးတီး တို့နဲ့ အားပြိုင်နေတဲ့ လီဗာပူး ဟာ အိမ်ကွင်းမှာ အီတလီ ကလပ် အတ္တလန်တာ အသင်းကို ၃-၀ နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့်ကနေ လက်ပြနှုတ်ဆက်ဖို့ နီးကပ်လာခဲ့ပါတယ် ။

ဝက်စ်ဟမ်း အသင်းမှာ ကစားခဲ့ဖူးတဲ့ အီတလီ တိုက်စစ်မှူး ဂီယန်လူကာ စကာမာကာ ဟာ ၂ ဂိုး သွင်းယူပေးခဲ့ပြီး ချဲလ်ဆီး ကစားသမားဟောင်း မာရီယို ပါဆာလစ် က နောက်တဂိုး သွင်းယူပေးခဲ့ပါတယ် ။

နောက်ထပ် ကွာတားဖိုင်နယ် ပွဲစဉ်မှာလည်း ဝက်စ်ဟမ်း အသင်းဟာ ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြနေတဲ့ ဇာဘီ အလွန်ဆို ရဲ့ လေဗာကူဆင် အသင်းကို ဂျာမန်မြေပေါ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်အတွက် ဖိအားဝင်သွားခဲ့ရပါတယ် ။

ယူရိုပါ ကွန်းဖရင့်စ်လိဂ် ကွာတားဖိုင်နယ်မှာတော့ အက်စတွန် ဗီလာ အသင်းဟာ လိုင်လီ အသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင် ကစိားနိုင်ခဲ့ပြီး ဒုတိယအကျော့ အတွက် အားသာချက် ရရှိသွားခဲ့ပါတယ် ။ ဗီလာ အတွက် ဂိုးတွေ ကိုတော့ အိုလီ ဝက်ကင်းစ် နဲ့ မက်ဂင်းစ် တို့က သွင်းယူပေးခဲ့ကြပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ရိုးမား အသင်းဟာ အေစီမီလန် အသင်းကို မန်စီနီ ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေမှာတော့ PSG အသင်းဟာ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန် ကို လာမယ့် နွေရာသီမှာ ခေါ်ယူနိုင်ဖို့ အလွန်နီးစပ် လာပြီလို့ သိရပါတယ် ။ အိုဆီမန် ဟာ နာပိုလီ ကနေ ရာသီအကုန်မှာ ထွက်ခွာမှာ ဖြစ်ပြီး ချဲလ်ဆီး နဲ့ PSG တို့က ထိပ်ဆုံးကနေ ရေပန်းစားနေတဲ့ အသင်းတွေ ဖြစ်ပါတယ် ။

မန်စီးတီး အသင်းဟာ ဘိုင်ယန်မြူးနစ် ကြယ်ပွင့် ဂျာမဲ မူစီယာလာ ကို ခေါ်ယူဖို့ အတွက် စတင် လှုပ်ရှား နေတယ်လို့ သတင်းထွက်ပေါ် လာခဲ့ပါတယ် ။ မူစီယာလာ ဟာ ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာဖို့ အလားအလာတွေ ရှိနေပြီး ဥရောပ ထိပ်သီး အသင်းတွေက စောင့်ကြည့်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာ ဂျင် ရတ်ကလစ် ဟာ နယူးကာဆယ် အသင်းကို ပူးတွဲ ပိုင်ဆိုင်ထားတဲ့ အမန်ဒါ စတိဗ်လေ နဲ့ တွေ့ဆုံ ခဲ့ပြီး နယူးကာဆယ် ဒါရိုက်တာ ဒန် အက်စ်ဝေါ့သ် ကို မန်ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ နိုင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ ကြားသိရပါတယ် ။

ပရီးမီးယားလိဂ် ကလပ်တွေဟာ လာမယ့် ဘောလုံးရာသီက စတင်ပြီး အလိုအလျောက် လူကျွံဘောဖမ်းတဲ့ စနစ် ကို အသုံးပြုဖို့ သဘောတူညီ ခဲ့ကြတယ်လို့လည်း သိရပါတယ် ။

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ရဲ့ မိသားစုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်းက ကားများစွာ မတော်တဆ ဖြစ်မှုမှာ ပါဝင်ခဲ့ကြပြီး အသေးစား ဒဏ်ရာ ရရှိခဲ့ကြတာကြောင့် ဆေးရုံသွားရောက် ကုသခဲ့ရတယ်လို့လည်း သိရှိရပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments