Tuesday, January 13, 2026
spot_img
spot_img

အင်္ဂလန်အသင်း၏ လူစာရင်းကို အမျှတဆုံးဖြစ်အောင် ရွေးချယ်သွားမည်ဟု ဆောက်ဂိတ် ကတိပေး

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က အပြီးသတ် ၂၆ ဦးစာရင်းကို အမျှတဆုံးဖြစ်အောင် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဘော့စနီးယားအသင်းအား (၃-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် ကတိပေးခဲ့သည်။ ဆောက်ဂိတ်သည် ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ပဏာမ ၃၃ ဦးစာရင်းကို မေ ၂၁ ရက်ကတည်းက ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

ယူရိုပြိုင်ပွဲအတွက် အပြီးသတ် ၂၆ ဦးလူစာရင်းကို ဇွန် ၇ ရက်(မြန်မာစံတော်ချိန် နံနက် ၄း၃၀ နာရီ) နောက်ဆုံးထားပြီး UEFA ထံ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ဆောက်ဂိတ်အနေဖြင့် လက်ရှိတွင် ပဏာမ စာရင်း ၃၃ ဦးမှ ခုနစ်ဦးအထိ လျှော့ချရမည် ဖြစ်သည်။ 

“ကစားသမားအားလုံးရဲ့ တန်ဖိုးကို နားလည်ပါတယ်။ သူတို့ဟာ မျှမျှတတ၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ ထိုက်တန်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လေးစားမှုရှိရှိ နဲ့ အာရုံစူးစိုက်မှုအပြည့် လုပ်ဆောင်နေပါတယ်”ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။ ထို့ပြင် ဆောက်ဂိတ်က ကစားသမားအချို့သည် ပွဲကစားချိန် လိုအပ်နေပြီး ယင်းအတွက် ဟာရီကိန်းကို လူစားဝင်ကစားစေခြင်းဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့သည်။ 

ယင်းပွဲတွင် ချယ်လ်ဆီးတိုက်စစ်ကစားသမား  ကိုးလ်ပါလ်မာသည် အင်္ဂလန်အသင်း Line-up ၌ ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး ပထမဆုံး နိုင်ငံတကာဂိုးကိုလည်း ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။ အဲဗာတန်နောက်ခံလူ ဘရန့်ဝိတ်နှင့် ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်လူ ဝေါ်တန်တို့မှာလည်း လူစားဝင်ကစားကာ နိုင်ငံလက်ရွေးစင်အသင်း ပွဲဦးထွက်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments