Thursday, January 22, 2026
spot_img
spot_img

အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရမှုအတွက် ပြောစရာစကားမရှိအောင်ဖြစ်ခဲ့ဟု ဒက်ကလန်ရိုက်စ် ဝန်ခံ

ဘယ်လ်ဂျီယံအသင်းနှင့်ကစားခဲ့သည့် ခြေစမ်းပွဲတွင် အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရမှုအတွက် ပြောစရာစကားမရှိအောင် ဖြစ်ခဲ့ကြောင်း ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က ဝန်ခံပြောကြားခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်သည် ၂၀၁၉ ခုနှစ် မတ်လက ချက်အသင်းအား ၅-၁ ဂိုး ဖြင့် အနိုင်ရသည့်ပွဲတွင် လက်ရွေးစင်အသင်း ပွဲဦးထွက်ခဲ့ပြီး ယင်းကတည်းက အင်္ဂလန်အသင်း၏ အဓိကကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့သည်။ 

ဘယ်လ်ဂျီယံအသင်းနှင့်ပွဲတွင် အသင်းခေါင်းဆောင်များဖြစ်သည့် ဟာရီကိန်းနှင့် ဝေါ်လ်ကာ ဒဏ်ရာကြောင့် မပါဝင်နိုင်သဖြင့် အသင်းနည်းပြ ဆောက်ဂိတ်က သူ့အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံနှင့်ပွဲသည် ဒက်ကလန်ရိုက်စ်အတွက် နိုင်ငံတကာပွဲ ၅၀ ပြည့်ခဲ့ပြီး ယင်းအတွက် ဂုဏ်ပြုမှုတစ်ရပ်ဟု သတင်းများက ဖော်ပြခဲ့သည်။ 

“ကျွန်တော့်ရဲ့ ပွဲ ၅၀ ပြည့်မှာ မိသားစု၊ မိတ်ဆွေတွေရှေ့  ဝင်ဘလေကွင်းမှာ အသင်းခေါင်းဆောင်လက်ပတ်နဲ့ လျှောက်လှမ်းရတာ အထူးဂုဏ်ယူစရာပါပဲ။ လုံးဝ ဆွံ့အသွားစေတဲ့ အခိုက်အတန့်ပါ။ ဂုဏ်ယူစရာဖြစ်ပြီး သူ (ဆောက်ဂိတ်)က အသင်းခေါင်းဆောင်အဖြစ် ကစားရမယ်လို့ ပြောလာချိန်မှာ အမှန်တကယ် ပြောစရာစကားမရှိအောင် ဖြစ်ခဲ့ရပါတယ်” ဟု ဒက်ကလန်ရိုက်စ်က ပြောကြားခဲ့သည်။  

ဒက်ကလန်ရိုက်စ်အနေဖြင့် အင်္ဂလန်အသင်း အတွက် ပွဲဦးထွက်ပြီးနောက် ငါးနှစ်အကြာတွင် အသင်းခေါင်းဆောင်အဖြစ် စတင်ကစားရခြင်းဖြစ်သည်။ ထို့ပြင် ရွန်နီ၊ အိုဝင်၊ စတာလင်နှင့် ရပ်ရှ်ဖို့ဒ်တို့ပြီးနောက် ပွဲ ၅၀ အမြန်ဆုံးပြည့်သည့်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments