Wednesday, January 14, 2026
spot_img
spot_img

အင်္ဂလန်ဒါဘီမှာ မန်ယူနိုက်တက်တို့ အဓိက ပစ်မှတ်ထား ကစားသွားရမယ့် လီဗာပူး ကစားသမားကို ပြောပြလိုက်တဲ့ ဂယ်ရီနဗီး

ဂယ်ရီနဗီးက မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ လာမည့် တနင်္ဂနွေနေ့ အင်္ဂလန်ဒါဘီ ပွဲစဉ်မှာ လီဗာပူး ညာနောက်ခံလူ ထရန့်အလက်ဇန်းဒါးအာနိုးကို ပစ်မှတ်ထား ကစားသွားရန် တိုက်တွန်းသွားခဲ့ပါတယ်။

အန်ဖီးမှာ ကစားရမယ့် ပွဲကြီးပွဲကောင်း မတိုင်မီ ဒီနှစ်သင်းကြား ရမှတ်ကွာဟမှု ၁၀ မှတ် ရှိနေကာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပတ်က ကာရာဘောင်ဖလား အောင်ပွဲနဲ့အတူ တောက်ပနေတဲ့ အသင်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပုံစံကောင်း ပြသကာ တစ်ရာသီအတွင်း ဖလားလေးလုံး လမ်းကြောင်းပေါ်မှာ ဆက်လက် တည်ရှိနေပေမယ့်လည်း လီဗာပူးကတော့ ပြည်တွင်းရှုံးထွက်ပြိုင်ပွဲတွေမှာ ထွက်ထားခဲ့ရတဲ့ အပြင် ချန်ပီယံလိဂ်မှာလည်း ရီးရဲယ်ကို ၅-၂ နဲ့ ရှုံးထားခဲ့တာကြောင့် ဒီပြိုင်ပွဲကို နှုတ်ဆက်ရန် သေချာသလောက် ဖြစ်နေပါတယ်။ လီဗာပူး အတွက် ဒီရာသီ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ top 4 ၀င်ခွင့်ပဲ ဖြစ်ပြီး လက်ရှိအချိန်မှာ ကလော့ရဲ့ အသင်းဟာ စပါးနဲ့ တစ်ပွဲလျော့ ၆ မှတ်အကွာမှာ ရှိနေပါတယ်။

ဒါပေမယ့် လီဗာပူးဟာ နောက်ပိုင်းလိဂ်ပွဲစဉ်တွေမှာ တိုးတက်မှုတွေ ရှိလာခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက် ပေးဂိုးမရှိခဲ့တဲ့ အပြင် နိုင်ပွဲ ၃ ပွဲ ရထားခဲ့ပါတယ်။ အလက်ဇန်းဒါးအာနိုး ကလည်း ဒီရာသီမှာ လီဗာပူး အသင်းနဲ့ အတူ အတော်လေး ရုန်းကန်နေရတဲ့ ကစားသမား ဖြစ်ပါတယ်။ ထရန့် အနေနဲ့ တနင်္ဂနွေနေ့မှာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက်ပိုင်း ၁၆ ဂိုးထိ သွင်းထားခဲ့တဲ့ ရပ်ဖို့ဒ်နဲ့ ထိပ်တိုက် ရင်ဆိုင် ကစားသွားရဖို့ ရှိနေပြီး နဗီးက ယူနိုက်တက် စတား အနေနဲ့ ထရန့်ကို အသာရလိမ့်မယ်လို့ ယုံကြည်နေမှာ ဖြစ်တယ်လို့ ဆိုသွားပါတယ်။

နဗီးက “သူတို့ဟာ အလက်ဇန်းဒါးအာနိုးကို ပစ်မှတ်ထား ကစားသွားမှာပါ။ ရပ်ဖို့ဒ်ဟာ အဲဒီဘက်ခြမ်းမှာ ကစားတဲ့သူပါ။ လူရှောလည်း ပါပါတယ်။ ယူနိုက်တက်ရဲ့ တိုက်စစ်ဟာ ဒီအခြမ်းမှာ အရမ်းကို ကောင်းပါတယ်။ ရပ်ဖို့ဒ်ဟာ မယုံနိုင်စရာ form ကို ရနေပြီး ထရန့်နဲ့ ရင်ဆိုင်ရမယ့် အပေါ် သူ နှစ်သက်နေမှာပါ။ ယူနိုက်တက်ဟာ ထရန့်ကို ပစ်မှတ်ထား ကစားသွားမယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါ့အပြင် ယူနိုက်တက် အနေနဲ့ လီဗာပူး နောက်တန်း တစ်ခုလုံးကို ပစ်မှတ်ထား ကစားသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးဟာ သူတို့မှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ဒီတစ်ရာသီလုံး ပြသထားခဲ့လို့ပါ။ လီဗာပူးကို ကောင်းကောင်း တိုက်ကစားလို့ ရတယ်ဆိုတာ ယူနိုက်တက်တို့ ခံစားမိနေမှာပါ။”

နဗီးက လီဗာပူးဘက်ကလည်း ယူနိုက်တက်ကို ပြသနာ ကြီးကြီးမားမား ပေးနိုင်တယ်လို့ ယုံကြည်နေဆဲ ဖြစ်ပြီး ၎င်းရဲ့ အသင်းဟောင်းဟာ လီဗာပူးနဲ့ နောက်ဆုံး ရင်ဆိုင်ကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၉ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားခဲ့ပြီး ဒီပွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက တန်းဟတ်ရဲ့ ယူနိုက်တက် နည်းပြ ဘ၀အစပိုင်းမှာ ဖြစ်ပါတယ်။

နဗီးက “မန်ယူနိုက်တက် ကစားသမားတွေဟာ လာမည့် တနင်္ဂနွေနေ့ အန်ဖီးကို သွားရောက် ကစားရမယ့် အပေါ် စိတ်ပူနေကြမယ်လို့ ကျနော် ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အန်ဖီးမှာ သွားကစားခဲ့ဖူးတဲ့ ဘယ်သူမဆို ဒီနေရာဟာ ကစားရ ဘယ်လောက် ခက်ခဲတဲ့ နေရာလဲ ဆိုတာ ကောင်းကောင်း သိထားကြပါတယ်။ ပရိတ်သတ်ရဲ့ ဖိအားက ကိုယ့်ကို လွှမ်းမိုးမှု ရှိနေပြီး ပွဲရဲ့ ပထမပိုင်း အပိုင်းမှာ သူတို့ဟာ ကိုယ့်ကို တအား ခက်ခဲအောင် လုပ်သွားမှာပါ။

မန်ယူနိုက်တက် အနေနဲ့ လက်ရှိ အကောင်းဆုံး ပုံစံမှာ ရှိမနေတဲ့ လီဗာပူး ကို အနိုင်ရဖို့ အတွက် ဆိုရင် လာမည့် တနင်္ဂနွေနေ့မှာ အကောင်းဆုံး အနေအထား ရှိနေဖို့ လိုအပ်ပါတယ်။ ကျနော် ကတော့ ဒီ လီဗာပူး အသင်းကလည်း ယူနိုက်တက်ကို ကောင်းကောင်း ချေမှုန်းနိုင်စွမ်း ရှိနေတယ်လို့ ခံစားမိပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments