Wednesday, February 11, 2026
spot_img
spot_img

အင်တာမီလန်တိုက်စစ်မှူး လူကာကူ စပါးအသင်းထံ ပြောင်းရွှေ့လာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေ

ပရီးမီးယားလိဂ်ကလပ် စပါးအသင်းသည် အင်တာမီလန်အသင်းတွင် အငှားဖြင့် ကစားနေသည့် ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူအား ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရသည်။

လူကာကူသည် ချယ်လ်ဆီးအသင်းတွင် (၂)ကြိမ်မြောက်အဖြစ် ကစားရသော်လည်း ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ပြီးနောက် အင်တာမီလန်အသင်းတွင် အငှားဖြင့် ပြန်လည်သွားရောက်ကစားနေသူဖြစ်သည်။

လက်ရှိအချိန်တွင်လည်း အင်တာမီလန်အသင်း၏ တိုက်စစ်ပိုင်းတွင် ၀ါရင့်တိုက်စစ်မှူး ဂျက်ကိုနှင့် မာတီနက်ဇ်တို့က အဓိက ဦးဆောင်ကစားနေပြီး လူကာကူသည် အရန်ကစားသမားအဖြစ်သာ ဆက်ရှိနေသည်။

လူကာကူသည် အင်တာမီလန်အသင်းထံသို့ ပထမအကြိမ် အပြီးသတ်ပြောင်းရွှေ့ခဲ့စဉ်က လက်ရှိ စပါးအသင်းနည်းပြဖြစ်သူ အန်တိုနီယိုကွန်တီနှင့် လက်တွဲခဲ့ဖူးသူဖြစ်ပြီး ထိုအချိန်က အသင်း၏ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

ယခုအချိန်တွင် ပုံမှန်နေရာမရဖြစ်နေသည့် လူကာကူအား ကွန်တီက စပါးအသင်းတွင် ပြန်လည်လက်တွဲရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သိရှိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments