Thursday, January 22, 2026
spot_img
spot_img

အင်တာမိုင်ယာမီသို့ မက်ဆီ ပြောင်းရွှေ့ကစားရန် ပိုမိုနီးစပ်လာ

PSG တိုက်စစ်မှူး မက်ဆီသည် အသင်းနှင့်စာချုပ်သက်တမ်းပြီးဆုံးမည့် ယခုရာသီကုန်တွင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ကစားရန် ပိုမိုနီးစပ်လာလျက်ရှိကြောင်း သိရသည်။

အသက်(၃၅)နှစ်အရွယ်ရှိ မက်ဆီသည် PSG အသင်းတွင် လက်ရှိ တစ်ပတ် ပေါင်(၁.၂)သန်းဝန်းကျင် ရရှိနေပြီး မေဂျာလိဂ်သို့ပြောင်းရွှေ့လျှင် သူ၏လစာငွေကို လျှော့ချရယူရဖွယ်ရှိသည်။

သို့သော် မက်ဆီအနေဖြင့် မေဂျာလိဂ်ပြိုင်ပွဲသမိုင်းတွင် လစာငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အင်တာမိုင်ယာမီအသင်းသည် မက်ဆီ၏ ဘာစီလိုနာအသင်းဖော်ဟောင်းများဖြစ်သည့် ဆွာရက်ဇ်နှင့် ဖာဘရီဂတ်စ်တို့ကိုလည်း ခေါ်ယူသွားရန် စဉ်းစားလျက်ရှိသည်။

လက်ရှိတွင် ကာတာသို့ရောက်ရှိနေသည့် အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်သည် မက်ဆီအား ခေါ်ယူနိုင်ရန် အနီးကပ်ကြိုးပမ်းနေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments