Wednesday, January 14, 2026
spot_img
spot_img

အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် လက်စတာနဲ့ယှဉ်ပြိုင်သွားရမယ့် လက်ရှိချန်ပီယံ ယူနိုက်တက်

ယမန်နေ့ညက အက်ဖ်အေဖလား တတိအဆင့်ပွဲစဉ်မှာ အာဆင်နယ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရရှိခဲ့တဲ့ လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်ဟာ မဲခွဲမှုရလဒ်အရ စတုတ္ထအဆင့်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် လက်စတာကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။

စတုတ္ထအဆင့်အတွက် နောက်ထပ်မဲခွဲမှုရလဒ်တွေမှာ လီဗာပူးက ပလိုင်းမောက်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်သလို မန်စီးတီးကတော့ လေတန်အိုရီယန့်နဲ့ ဒါဘီကောင်တို့ပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းနဲ့ယှဉ်ပြိုင်သွားရပါမယ်။ နောက်ထပ်ပွဲစဉ်တွေမှာ ချဲလ်ဆီးက ခက်ခဲတဲ့ပွဲစဉ်ဖြစ် ဘရိုက်တန်နဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး တောတင်ဟမ်ကတော့ အက်စတွန်ဗီလာကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အက်ဖ်အေဖလား စတုတ္ထအဆင့် မဲခွဲမှုရလဒ်များ
ယူနိုက်တက် – လက်စတာ
လိဒ် – မီဝေါ/ဒေဂျန်ဟမ်
ပရက်စ်တန်/ချာလ်တန် – ဝိုင်ကွန်း
အက်စတာ – နော်တင်ဟမ်ဖောရက်စ်
ကိုဗင်ထရီ – အစ်ဆွစ်ချ်
ဘလက်ဘန်း – ဝုဗ်
မန်စ်ဖီး/ဝီဂန် – ဖူလ်ဟမ်
ဘာမင်ဂမ် – နယူးကာဆယ်
ပလိုင်းမောက် – လီဗာပူး
အဲဗာတန် -ဘုန်းမောက်
အက်စတွန်ဗီလာ – တော့တင်ဟမ်
ဆောက်သမ်တန် – ဘန်လေ
လေတန်အိုရီယန့်/ဒါဘီကောင်တီ – မန်စီးတီး
ဒွန်ကတ်စတာ – ခရစ္စတယ်ပဲလေ့စ်
စတုတ်စီးတီး – ကာဒစ်ဖ်

စတုတ္ထအဆင့်အတွက် အဆိုပါပွဲစဉ် ၁၆ ပွဲကို လာမယ့်ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ စတုတ္ထအဆင့်မှာလည်း တတိယအဆင့်ကပြုလုပ်ကျင်းပခဲ့တဲ့ပုံစံအတိုင်း ပွဲကစားချိန် မိနစ် ၉၀ အတွင်း သရေရလဒ်ထွက်ပေါ်နေပါက နောက်တစ်ကျော့ ထပ်မံကစားစေမှာမဟုတ်ဘဲ အချိန်ပို၊ ပင်နယ်တီတွေနဲ့ အနိုင်အရှုံးရလဒ်ကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments