Thursday, January 15, 2026
spot_img
spot_img

အက်ဖ်အေဖလားပွဲမတိုင်ခင် ပြိုင်ဘက်ကစားသမားတစ်ဦးကို ချီးကျူးလိုက်တဲ့ အာမိုရင်

ယူနိုက်တက်နည်းပြ အာမိုရင်က အာဆင်နယ်နဲ့အက်ဖ်အေဖလားပွဲမတိုင်ခင် အာဆင်နယ်စတား အိုဒီဂတ်ကို ထုတ်နုတ်ချီးကျူးလိုက်ပါတယ်။ အခုတစ်ကြိမ်တွေ့ဆုံမှုက တစ်လအတွင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်လာခဲ့ပြီး ပထမအကြိမ် အမ်းမရိတ်မှာတုန်းက အာဆင်နယ်ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက နယူးကာဆယ်ကို ကာရာဘောင်မှာ ၂-၀ နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့အပတ်တုန်းက အန်ဖီးလ်မှာ လီဗာပူးကို သရေကန်နိုင်ခဲ့ပါတယ်။ လီဗာပူးကို သရေကျခဲ့ပေမယ့်လည်း ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက်နိုင်ပွဲပျောက်နေဆဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့တွေ့ဆုံတုန်းက တည်ကန်ဘောတွေကနေ ၂ ဂိုးပေးခဲ့ရပြီး အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အခုရာသီမှာ ထောင့်ကန်ဘောတွေ ဖရီးကစ်တွေကနေ ဂိုးရရှိမှုှုနှုန်းတိုးတက်လာခဲ့တာဖြစ်ပြီး အာမိုရင် အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ တကယ့်ကွင်းလယ်ဖန်တီးရှင်လို့ ချီးကျူးခဲ့ပါတယ်။

Manchester United manager Amorim praised Arsenal star Odegaard ahead of their FA Cup clash against Arsenal.

“သူ(အိုဒီဂတ်)က အာဆင်နယ်အသင်းရဲ့အသက်သွေးကြောလို့ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်ပွဲတော်တော်များများမှာ သူကလွှမ်းမိုးထားနိုင်ပါတယ်။ စပို့တင်းမှာတုန်းက သူတို့နဲ့ ကျွန်တော်ရင်ဆိုင်ဖူးပါတယ်။ သူက အဲ့ပွဲ ၂ ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ အာဆင်နယ်မှာ သူပါဝင်လာချိန်ဆိုရင် မတူညီတဲ့အသင်းဖြစ်သွားပါတယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။ အိုဒီဂတ်ဟာ ခြေကျင်းဝတ်ဒဏ်ရာကနေပြန်လာနိုင်ခဲ့ပြီးနောက် ပုံစံကောင်းပြန်လည်ရှာဖွေနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

“တစ်ချို့အချိန်တွေမှာ အခိုက်အတန့်တွေရှိပါတယ်။ သူဒဏ်ရာကနေပြန်လာပြီးနောက်ပိုင်း ပုံစံကောင်းပျောက်နေပါတယ်။ တည်ငြိမ်တဲ့ကွင်းလယ်တိုက်စစ်ကစားသမားတစ်ယောက် ၂ နှစ်အကြာမှာ ၁၅ ဂိုးလောက်သွင်းနိုင်လောက်ပါတယ်။ အဲ့တာက ဖြစ်မလာခဲ့ပါဘူး။ ၁၅ နှစ်အတွင်းမှာလည်း မဖြစ်လာပါဘူး။ ဒါကြောင့် အခြားတစ်ဖက်ကနေ ကျွန်တော်တို့ သတိထားရပါမယ်။ သူက အရမ်းကြိုးစားခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် လွဲချော်ခဲ့တာတွေရှိပါတယ်။ သူ့ကိုကူညီပြီး ကန်ချက်တွေမှာ ယုံကြည်မှုရှိလာအောင် လုပ်ဆောင်ရပါမယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ အခုလာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်အသင်းနဲ့ အက်ဖ်အေဖလားပွဲဆင်နွှဲရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments