Friday, October 24, 2025
spot_img
spot_img

အကူးအပြောင်းကာလ၌ အသင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေမည်ဟု လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက် ပြောကြား

လီဗာပူးလ်အသင်းခေါင်းဆောင်ဖြစ်သူ ဗန်ဒိုက်က အသင်း၏အရေးကြီးသည့် အကူးအပြောင်းကာလတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကလော့ပ်သည် လီဗာပူးလ်အသင်းကို ကိုးနှစ်ကြာကိုင်တွယ်ပြီးနောက် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည်ဖြစ်ပြီး ဖီယင်နုအသင်းမှ ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့နှင့် အစားထိုးမည်ဖြစ်သည်။ 

“အသင်းမှာ ကြီးမားတဲ့အကူးအပြောင်းကာလတစ်ခု ရှိလာလိမ့်မယ်။ ကျွန်တော်က ဒါရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော် ဒီမှာပျော်နေပါတယ်။ အသင်းကိုလည်း ချစ်ပါတယ်။ ဒါကို ကောင်းစွာမြင်နိုင်ပါတယ်။ ဒီအသင်းဟာ ကျွန်တော့်ဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ရှိပြီးသားပါ။ ဒါက ကျွန်တော် ပြောနိုင်တဲ့အားလုံးပါပဲ”ဟု ဗန်ဒိုက်က ပြောကြားခဲ့သည်။ 

အသက် ၃၂ နှစ်အရွယ်ရှိ ဗန်ဒိုက်၏စာချုပ်မှာ ၂၀၂၄-၂၅ ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments