Monday, February 9, 2026
spot_img
spot_img

ဟွိုင်လန်းကိုခေါ်ယူနိုင်ရန် ၂၄ နာရီ/တစ်ပတ်လုံး ကြိုးပမ်းနေကြောင်း အဲရစ်တန်ဟက်ဂ် အရိပ်အမြွက်ပြောကြာ

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အတ္တလန္တာအသင်း ကြယ်ပွင့်တိုက်စစ်မှူး ဟွိုင်လန်းကို ခေါ်ယူနိုင်ရန် ၂၄ နာရီ/တစ်ပတ်လုံး ကြိုးပမ်းနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုနွေရာသီတွင် တိုက်စစ်မှူးတစ်ဦး ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ပထမဆုံးအကြိမ် နှုတ်ဖြင့်ကမ်းလှမ်းမှုအဖြစ် အသက် ၂၀ အရွယ် ဒိန်းမတ်လက်ရွေးစင်ကစားသမား ဟွိုင်လန်းအတွက် ယူရိုသန်း ၆၀ ဖြင့် စတင်ကမ်းလှမ်းခဲ့ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ရေးသားဖော်ပြခဲ့သည်။ 

မန်ယူအသင်းက ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နှင့် Add-ons ကြေး ယူရို ၁၀ သန်း၊ စုစုပေါင်း ယူရိုသန်း ၆၀ (ပေါင် ၅၁ ဒသမ ၄ သန်း) ဖြင့် စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အတ္တလန္တာအသင်းကမူ ၎င်းအတွက် အနည်းဆုံး ယူရိုသန်း ၇၀ (ပေါင် သန်း ၆၀) မှ ယူရိုသန်း ၈၀ (ပေါင် ၆၈ သန်း) အထိ အလိုရှိနေသည်။ ထို့ပြင် PSG အသင်း ကလည်း ၎င်းအား ယူရိုသန်း ၅၀ ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သို့ဖြစ်ရာ ရီးယဲလ်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ဟွိုင်လန်း၏အပြောင်းအရွှေ့အကြောင်း မေးမြန်းစဉ် အဲရစ်တန်ဟက်ဂ်က “တခြားအသင်းနဲ့ စာချုပ်ရှိနေတဲ့ ကစားသမားအကြောင်းကို ကျွန်တော်တို့ ဘယ်တော့မှ မပြောပါဘူး။ အဲဒီကိစ္စအတွက် ကျွန်တော်တို့ ၂၄ နာရီ/တစ်ပတ်လုံး အလုပ်များနေပါတယ်။ ကျွန်တော်တို့နဲ့ကိုက်ညီမယ့် ကစားသမားကို စာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့အတွက်ပါ” ဟု ဖြေကြားခဲ့သည်။

ကစားသမားကိုယ်တိုင်ကလည်း မန်ယူ အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားသဖြင့် ပြောင်းရွှေ့ကြေးအတွက်သာ ညှိနှိုင်းရမည်ဖြစ်သည်။ မန်ယူအသင်းအနေဖြင့် ဟွိုင်လန်းအား ပရီးမီးယားလိဂ် ရာသီသစ်မစတင်မီ ခေါ်ယူနိုင်ရန် မျှော်လင့်ထားကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိပြီး အရန်အစီအစဉ်အဖြစ် ဖရန့်ဖတ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး မူအာနီကိုလည်း စိတ်ဝင်စားနေကြောင်းသိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments