Tuesday, January 20, 2026
spot_img
spot_img

ဟိုတယ်ဝန်ထမ်းများကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း ကျေးဇူးတင်စကားဆို

ဘိုင်ယန်မြူးနစ်အသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် ၎င်းတည်းခိုနေထိုင်ရာ ဂျာမန်ဟိုတယ်မှ ဝန်ထမ်းများကို ကျေးဇူးစကားဆိုခဲ့ကြောင်း သိရသည်။

ဟာရီကိန်းသည် ပြီးခဲ့သည့် နွေရာသီတွင် စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်အထိ မြူးနစ်မြို့မှ Vier Jahreszeiten Kempinski ဟိုတယ်တွင် တည်းခိုနေခြင်းဖြစ်သည်။

ဟာရီကိန်းသည် မိသားစုနှင့်အတူနေထိုင်ရန် နေအိမ်ရှာဖွေနေခြင်းကြောင့် တစ်ညပေါင်(၁)သောင်းပေးရသည့် ဟိုတယ်တွင် တည်းခိုနေရခြင်းလည်းဖြစ်သည်။

ယခုအခါ နေအိမ်ရှာတွေ့ပြီဖြစ်၍ မိသားစုကို ခေါ်ယူပြီး ပြောင်းရွှေ့နေထိုင်တော့မည်ဖြစ်ရာ ဟိုတယ်ဝန်ထမ်းများကို ကျေးဇူးတင်စကား ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ဟာရီကိန်းက နေအိမ်ကဲ့သို့ ခံစားရအောင် ဝန်ဆောင်မှုပေးခဲ့သည့်အတွက် ဟိုတယ်ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်တွင်လည်း ရေးသားဖော်ပြခဲ့သည်။

ဟာရီကိန်းသည် ဟိုတယ်တွင် နေထိုင်ခဲ့ခြင်းအတွက် ပေါင်(၁)သန်းကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments