Tuesday, January 13, 2026
spot_img
spot_img

ဟာလန်း ဂိုးမိုးခေါင်လာတာက အသင်းရဲ့ poor form ကြောင့်သာ ဖြစ်တယ်လို့ ဂွါဒီယိုလာ ဆို

မန်ချက်စတာ စီးတီးအသင်း တိုက်စစ်ကစားသမား အာလင်း ဟာလန်း သွင်းဂိုးတွေ ကျဆင်းလာခဲ့တာဟာ အသင်းရဲ့ လက်ရှိ ဆိုးရွှားလှတဲ့ ပုံစံတွေကြောင့်သာဖြစ်ပြီး အသင်းပြဿနာတွေက ကစားသမားတစ်ဦးတည်းနဲ့ သက်ဆိုင်နေတာ မဟုတ်ဘူးလို့ စီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက်(၂၄)နှစ်အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုးပေါင်း (၁၃)ဂိုးအထိ သွင်းယူထားခဲ့ပေမယ့်လည်း ပွဲစဉ်(၆) နောက်ပိုင်းကနေ လက်ရှိ ပွဲစဉ်(၁၇)အထိ ဟာလန်းရဲ့ ပရီးမီးယားလိဂ်ဂိုးက (၃)ဂိုးတည်းသာ ရှိထားခဲ့ရသလို သူ့အတွက် ဂိုးတွေ အဓိက ဖန်တီးပေးနိုင်သူ ဒီဘရိုင်း ပြန်လာချိန်မှာတောင် သူရဲ့ ဂိုးသွင်းစွမ်းဆောင်ရည်က တိုးတက်မလာဘဲ ဖြစ်နေပါတယ်။

လက်ရှိမှာ မန်စီးတီးအသင်းကလည်း အောက်တိုဘာ (၃၁)ရက်နေ့က စပါးအသင်းကို အရှုံးပေးလိုက်ရချိန်ကနေ ဒီဇင်ဘာ (၂၁)ရက်နေ့ ဗီလာကို အရှုံးပေးခဲ့ရတဲ့ ပွဲစဉ်အထိ စုစုပေါင်း ပြိုင်ပွဲစုံ (၁၂)ပွဲမှာ နော်တင်ဟမ် ဖောရက်စ် တစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး (၉)ပွဲအထိတောင် ရှုံးနိမ့်ခဲ့ရပါတယ်။

Guardiola blames Haaland's poor form for goal drought

မန်စီးတီးအနေနဲ့ လက်ရှိမှာ ရလဒ်ဆိုးတွေ ပုံစံဆိုးတွေနဲ့ ရင်ဆိုင်နေရသလို သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းကလည်း ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်နဲ့ ဂိုးဧရိယာထဲ ဘောလုံးထိချက် တစ်ကြိမ်သာ ရှိခဲ့တဲ့အထိ ဟာလန်းရဲ့ စွမ်းဆောင်မှုတွေက မေးခွန်းထုတ်ချင်စရာကောင်းလာခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက “ပြဿနာက ကစားသမားတစ်ဦးတည်းမှာတင် မဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးနဲ့ကို သက်ဆိုင်နေတာပါ။ ဟာလန်းက ပိုမို တိုးတက်နေချိန်မှာတော့ ဒါဟာ ကျွန်တော်တို့အတွက်ရော အသင်းအတွက်ပါ အကျိုးရှိပါတယ်။ ဟာလန်းက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ ကစားသမားတစ်ဦး ဖြစ်နေသလို ဒီအတိုင်းက အမြဲတမ်း ရှိနေမှာ။ ကျွန်တော်တို့က သူ့ကို ပိုကောင်းလာအောင်ပဲ အသုံးပြုသွားရပါမယ်။ ဒါကြောင့် ကစားသမားတစ်ဦးတည်းကိုပဲ မေးခွန်းထုတ်ရမှာ မဟုတ်ဘဲ တစ်သင်းလုံးကို မေးခွန်းထုတ်ရမှာပါ။” ပြောဆိုသွားခဲ့ပါတယ်။

ဟာလန်းက ပြီးခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲ ဘရိုက်တန်နဲ့ပွဲတွေမှာ စီးတီးအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် အဲ့ဒီပွဲတွေမှာ မန်စီးတီးက နိုင်ပွဲမရရှိခဲ့တာကြောင့် ဒီနေ့ည အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာရော ဟာလန်းတစ်ယောက် ဂိုးပြန်သွင်းနိုင်မလား နောက်ပြီး မန်စီးတီးရော နိုင်ပွဲ ပြန်လည် ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments