မန်စီးတီးနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး ဟာလန်းတစ်ယောက် မက်ဆီ နဲ့ ရော်နယ်ဒိုတို့လိုအဆင့်အတန်းမျိုးရောက်လာပြီလို့ အမွှန်းတင်လိုက်ပါတယ်။
ချဲလ်ဆီးကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟာလန်းက စီးတီးအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။
အဆိုပါသွင်းဂိုးကြောင့် နော်ဝေသားဟာ ပြိုင်ပွဲစုံ ၉၁ ဂိုးအထိ ရှိလာခဲ့ပြီး ဂွါဒီယိုလာက သူ့ရဲ့တပည့်ဖြစ်သူရဲ့ဂိုးသွင်းစွမ်းရည်ဟာ မက်ဆီ ၊ ရော်နယ်ဒိုတို့နဲ့ အဆင့်တူလာပြီလို့ ယုံကြည်နေပါတယ်။

ချဲလ်ဆီးကို ၂-၀ နဲ့အနိုင်ရပြီးနောက် ဂွါဒီယိုလာက “သူ့မှာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့လိုဂိုးအရေအတွက်ရှိနေပါပြီ။ အချက်အလက်တွေအရ အဲ့တာက အဆင့်အတူတူပါပဲ။
ဒါကြောင့် သူလုပ်ပြနိုင်လားဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ် ၁၀၀ ပွဲမှာ ၉၁ ဂိုးသွင်းယူနိုင်တယ်ဆိုတာ တကယ့်ကိုမယုံကြည်နိုင်စရာပါ။
ပြီးခဲ့တဲ့ရာသီတုန်းကထက် သူဒီရာသီမှာ ပိုကောင်းလာဦးမယ်လိ့ု ခံစားနေရပါတယ်။ ပြီးခဲ့တဲ့ရာသီအပြီးမှာ သူပင်ပန်းသလို ခံစားခဲ့ရပါတယ်။ ဒီရာသီမှာတော့ နော်ဝေက ကံမကောင်းစွာနဲ့ ယူရိုကနေ စောစောထွက်ခွာခဲ့ရပါတယ်။
ဒါကြောင့် သူအနားယူချိန်ပိုရခဲ့ပြီး ခံစားချက်ကောင်းနေပါတယ်။ ချဲလ်ဆီးနဲ့ပွဲက သွင်းဂိုးက တကယ့်အံ့ဖွယ်ပါပဲ။ သူ့ရဲ့အကျိုးပြုမှုက အများကြီးပါ။ သူအခွင့်အရေး ၂ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်လောက်ရခဲ့ပါတယ်။
ဘောလုံးသမားတစ်ဦးအနေနဲ့ သူတိုးတက်လာဦးမယ်လို့ ခံစားချက်ရနေပါတယ်”လို့ ဂွါဒီယိုလာက ဖြေကြားခဲ့ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရရှိခဲ့ပြီး တစ်ခုတည်းသောဝေဖန်ခံနေရတာက အသင်းလိုက်ကစားမှုမှာ ပါဝင်မှုအားနည်းနေတာဖြစ်ပါတယ်။
ဟာလန်းကတော့ သူ့အနေနဲ့ ဂိုးသွင်းဖို့ထက် အခြားနေရာတွေမှာလည်း တိုးတက်လာအောင် လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ လာမယ့်သြဂုတ်လ ၂၄ ရက်နေ့မှာ အစ်ဝှစ်တောင်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။






