Thursday, November 6, 2025
spot_img
spot_img

ဟာရီကိန်းအား ကြိုးပမ်းမှုကို မန်ယူအသင်း လက်လျှော့လိုက်ပြီဖြစ်ပြီး ကလပ်အသင်း၏ ဆုံးဖြတ်ချက်ကို နည်းပြ တန်ဟက်ဂ် လက်ခံ   

ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းသည် စပါးအသင်း၏ တိုက်စစ်မှူး ဟာရီကိန်းအား ခေါ်ယူရန် ကြိုးပမ်းနေမှုကို လက်လျှော့လိုက်ပြီဖြစ်ပြီး အသင်းနည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်ကလည်း ကလပ်အသင်း၏ ဆုံးဖြတ် ချက်ကိုလက်ခံခဲ့သည်ဟု The Guardian သတင်းစာက ဖော်ပြခဲ့သည်။

အဲရစ်တန်ဟက်ဂ်သည် ဟာရီကိန်းအား အသင်း၏ တိုက်စစ်ပိုင်းအတွက် အလိုအရှိဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ထားသော်လည်း ပိုမိုလက်တွေ့ဆန်ပြီး ဖြစ်နိုင်ဖွယ်ရှိသည့် တိုက်စစ်မှူးများကိုသာ ခေါ်ယူစေလိုပြီး ကိန်းအတွက် သူ၏ကလပ်ဖြစ်သည့် စပါးအသင်း၏ တောင်းဆိုမှုများသည် လက်တွေ့မဆန်ဟု သဘောတူခဲ့သည်ဟုလည်း သိရှိရသည်။ 

ဟာရီကိန်းသည် ပရီးမီးယားလိဂ်၏ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ဖြစ်သော်လည်း အသက် (၂၉)နှစ်ရှိပြီဖြစ်သလို စာချုပ်လက်ကျန်မှာ (၁)နှစ်သာ ရှိနေသည့်အခြေအနေတွင် စပါးအသင်း၏ စျေးနှုန်းသတ်မှတ်မှုမှာ အလွန်မြင့်မားနေဆဲဖြစ်ခြင်းကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက လက်လျှော့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်း အလိုရှိနေသည့် အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆင်မန်မှာလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၃၀)အထိ စျေးတင်ထားသဖြင့် ခေါ်ယူရန် အခက်တွေ့နေသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments