Monday, February 9, 2026
spot_img
spot_img

ဟာဗက်ဇ် ပြစ်ဒဏ်ကျူးလွန်ခံရမှုကို ပင်နယ်တီ မပေးတဲ့ အပေါ် ဂယ်ရီနဗီးလ် နှင့် မိုက်ဒင်းတို့ရဲ့အမြင်

အာဆင်နယ် အသင်း နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့ တစ်ဖက် တစ်ဂိုးစီ သရေကျနေချိန်မှာ ဂိုးဧရိယာအတွင်း ဝမ်ဘစ်ဆာကာ တစ်ယောက် ဟာဗက်ဇ် ကို ပြစ်ဒဏ်ကျူးလွန်တယ် ဆိုပြီး ကွင်းလယ် ဒိုင်လူကြီး အန်တိုနီ တေလာ က ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ် ပေးခဲ့ပါတယ် ။

ဒါပေမဲ့လည်း VAR ပြန်ကြည့်အပြီးမှာတော့ အန်တိုနီ တေလာ ဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင် ခဲ့ပြီး ပင်နယ်တီ ကို ပယ်ဖျက် ပေးခဲ့ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် ကတော့ ဟာဗက်ဇ် ပြစ်ဒဏ်ကျူးလွန်ခံရမှုကို ပင်နယ်တီ မပေးတဲ့ အပေါ် အံ့အားသင့်မိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

” ပင်နယ်တီ ကို ပယ်ဖျက်လိမ့်မယ်လို့ ကျနော် မထင်ထားခဲ့ပါဘူး ။ review ပြန်လုပ်ဖို့ ဒိုင်လူကြီး သွားတဲ့ အခါမှာ ကျနော် အံ့အား သင့်ခဲ့ရပါတယ် ၊ ဟာဗက်ဇ် ရဲ့ခြေထောက်က ဝမ်ဘစ်ဆာကာ နဲ့ သွားထိ ခဲ့တာပါ ၊ ကျနော်တို့ ကနဦး မြင်ရတဲ့ ရှု့ထောင့်အရ ပင်နယ်တီ ပေးရမယ့် အနေအထားလို့ ထင်ခဲ့ပါတယ် ။ ဒါပေမဲ့ သေချာ အနီးကပ် ကြည့်ပြီးတဲ့ အချိန်မှာတော့ ပင်နယ်တီ ပေးသင့်တဲ့ အနေအထားလို့ သိပ်မထင်တော့ပါဘူး ။ “

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မိုက်ဒင်း ကလည်း ” ကျနော် သာ ကွင်းလယ် ဒိုင်လူကြီးဆို အဲ့အလုံးကို ပင်နယ်တီ ပေးမှာပါ ။ ကျနော်တို့ ကနဦး မြင်ရတဲ့ ရှု့ထောင့်အရဆို ပင်နယ်တီ လို့ ထင်ရပါတယ် ၊ သေချာကြည့်ပြီးတဲ့ အခါမှာ သေချာ မထိလိုက်ဘူး ဆိုတာ တွေ့လိုက်ရတော့ သူ ပယ်ဖျက်လိုက်တာကို ကျနော် နားလည် သဘောပေါက် သွားခဲ့ပါတယ် ။ ”

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments