မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူဟောင််း တစ်ဦးဖြစ်သူ ဂျပ်စတမ်း က အသင်းဟောင်း အနေနဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟမ်းကို ခေါ်ယူဖြစ်ခဲ့ရင် ကစားသမားဖက်က ပရီးမီးယားလိဂ်မှာ အံဝင်ဖို့ အခက််ကြုံ၊ အချိန်ပေးရလိမ့်မယ်လို့ သတိပေးသွားခဲ့လိုက်ပါတယ် ။

ဆောင်းရာသီ စျေးကွက်ထဲမှာ ရော်နယ်ဒို နဲ့ လမ်းခွဲခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခုချိန်မှာတော့ အထောင် တိုက်စစ်မှူး အဖြစ် အန်သိုနီ မာရှယ် တစ်ဦးထဲကိုသာ ပိုင်ဆိုင်ထားခဲ့ပြီး ပြင်သစ် လက်ရွေးစင်ရဲ့ ကြံ့ခိုင်မှု အနေအထားဟာ အားရကျေနပ်စရာမရှိ ဖြစ်နေခဲ့ရပါတယ် ။
ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ လာမယ့် နွေရာသီ စျေးကွက်ထဲမှာ အထောင် တိုက်စစ်မှူး တစ်ဦးကို ဦးစားပေး အဖြစ်နဲ့ ခေါ်ယူသွားဖို့ ရှိနေပြီး လက်ရှိ အချိန်မှာ တော့တင်ဟမ် ဟော စပါး အသင််းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ နာပိုလီ အသင်းရဲ့ တိုက်စစ််မှူး ဗစ်တာ အိုဆင်ဟမ်း တို့ သတင်းကြီးနေခဲ့ကြပါတယ် ။

အဲ့ဒီထဲမှာတော့ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ တိုက််စစ်မှူး ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်မှာ ကစားတာ ကြာမြင့်ခဲ့ပြီ ဖြစ်တာကြောင့် အသင်းသစ်မှာ အမြန်ဆုံး အံဝင်နိုင်ပေမဲ့ အိုဆင်ဟမ်း အတွက်တော့ ယူနိုက်တက်တို့ အချိန်ပေးရလိမ့်မယ်လို့ ဂျပ်စတမ်း က သတိပေးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
” ကိန်းက ပရီးမီးယားလိဂ် အကြောင်း ကောင်းကောင်းသိပါတယ် ။ သူဟာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသွင်းနိုင်သူ တစ်ဦး ဖြစ်တယ်ဆိုတာကို တော့တင်ဟမ် ဟော့စပါး အသင််းမှာ သက်သေပြခဲ့ပြီးပါပြီ ။ သူက ဒီမှာ ဘယ့်လို အဆင့်အတန်းမျိုးကို ပရိသတ်တွေ မြင်တွေ့လိုကြသလဲဆိုတာ ကောင်းကောင်းသိသူပါ ”

” လူတွေ ဘာကိုမျှော်လင့်ကြမလဲ ၊ သူကိုယ်တိုင်ကရော လုပ်ပေးနိုင်ပါ့မလားဆိုတာကို ကောင်းကောင်း နားလည်ပြီးသားပါ ။ ခင်ဗျား အနေနဲ့ ကိန်းကို ခေါ်ယူလို့ ရနိုင်ပါတယ်် ။ သူ့ကိုသာ ခေါ်ယူနိုင်တယ်ဆိုရင် ဒါဟာ ယူနိုက်တက် အတွက်တော့ တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်နိုင်ပါလိမ့်မယ် ”






