Wednesday, January 14, 2026
spot_img
spot_img

သူ ပြောခဲ့တဲ့စကား က မှားယွင်းကြောင်း ဝန်ခံလိုက်ပြီး အခုတော့ ခံယူချက် ပြောင်းလဲ သွားခဲ့ပြီလို့ ဆိုတဲ့ ဂျေးဇု

အာဆင်နယ် အသင်း ရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဇု က နော်တင်ဟမ်ဖောရက်စ် အသင်းကို နှစ်ဂိုး တစ်ဂိုး နဲ့ အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ သူ့ အနေနဲ့ ဂိုးသွင်း နိုင်ဖို့ကိုပဲ ပိုမို အာရုံစိုက် ကစားသွား‌တော့မှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး ဂျေးဇု ဟာ ဖောရက်စ် နဲ့ ပွဲတွင် ဒူးဒဏ်ရာ ပြဿနာ ရှိနေပေမယ့် ပွဲချိန် ၆၅ မိနစ်မှာ အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းနိုင် ခဲ့ပြီး ၊ နောက် ၇ မိနစ် အကြာမှာ ဆာကာ အတွက် ဂိုးဖန်တီးမှု လုပ်နိုင် ခဲ့ပါတယ် ။

ဂျေးဇု ဟာ ၂၀၂၂ ခုနှစ်မှာ မန်စီးတီး အသင်း ကနေ ပြောင်းရွှေ့လာခဲ့ပြီး နောက်ပိုင်း အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၅၆ ပွဲ ကစားရာမှာ ၁၉ ဂိုး အထိ သွင်းယူ ထားနိုင်ပါတယ် ။ လက်ရှိ အချိန် အထိ ပရီးမီးယားလိဂ် ၇၃ ဂိုး အထိ သွင်းယူ ထားနိုင်တဲ့ ဂျေးဇု ဟာ အရင်က အင်တာဗျုးတစ်ခုမှာ သူဟာ ဂိုးသွင်းနိုင်ဖို့ကို အာရုံ သိပ်စိုက်လေ့ မရှိသူ ဖြစ်ကြောင်း ပြောကြား ခဲ့ဖူးပါတယ် ။

အခု အခါမှာတော့ ဂျေးဇု က သူ ပြောခဲ့တဲ့စကား က မှားယွင်းကြောင်း ဝန်ခံလိုက်ပြီး အခုတော့ ခံယူချက် ပြောင်းလဲ သွားခဲ့ပြီလို့ ဆိုလိုက်ပါတယ် ။ ” တစ်ခါတစ်လေမှာ အချက်အလက် မှတ်တမ်းတွေက စကားပြောပါတယ်။ တစ်ခါတစ်လေကျ ပွဲမှာ ကိုယ့်ရဲ့ ကစားပုံပေါ့။ ပွဲကို ကြည့်ရင် ကျနော် ဘယ်လို ကစားသလဲ ဆိုတာ ခင်ဗျားတို့ တွေ့မှာပါ ။ ”

” အခုဆို ကျနော် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်ဖို့ နီးစပ် နေပါပြီ ၊ ဒါကလည်း လွယ်တဲ့ အရာ မဟုတ်ဘူးလေ ။ နောက်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာရော လက်ရွေးစင် အသင်းမှာပါ ကျနော် ဂိုးတွေ အများကြီး သွင်းထား နိုင်ပါတယ် ၊ ကျနော် က ဂိုးသွင်းဖို့ကို အာရုံ သိပ်မစိုက်တတ်တဲ့သူ လို့ ပြောခဲ့တာက မှားသွားခဲ့တယ်လို့ ထင်ပါတယ် ။ ”

” အခုတော့ ကျနော် စိတ်ပြောင်းသွားခဲ့ပါပြီ ။ ကျနော် ဂိုးဧရိယာ အတွင်းမှာ ပိုပြီးနေမယ် ၊ ဂိုးသွင်းဖို့ကိုပဲ ပိုပြီး အာရုံစိုက် ကစား သွားပါမယ် ။ အရင်ကဆို အခွင့်အရေး တစ်ခါ နှစ်ခါ လွဲချော်တာနဲ့ ကျနော် ညစ်သွားတတ်ပါတယ် ၊ အခုတော့ ကျနော် စိတ်ပြောင်း သွားပါပြီ ၊ ကျနော် လည်း အခွင့်အရေး ဖန်တီးတယ် ၊ အသင်းဖော်တွေကလည်း ကျနော့်ကို ဂိုးဖန်တီး ပေးကြပါတယ် ၊ ကျနော့် ကန်ချက် တစ်ကြိမ် တိုင်ထိ ထွက်သွားတာကိုလည်း လွဲချော်တယ် ဆိုတာထက် ကံမကောင်းဘူးလို့ပဲ တွေးလိုက်ပါတယ် ။ ”

” နောက်တစ်မိနစ် အကြာမှာ ကျနော် အခွင့်အရေး တစ်ကြိမ် ထပ်ရခဲ့ပေမယ့် ကန်ခွင့် မရခဲ့ပါဘူး။ ပွဲကိုပဲ ဆက်လက် အာရုံစိုက် ကစားခဲ့တဲ့နောက် ကျနော် ဂိုးရသွားခဲ့ပါတယ် ၊ ဒါပါပဲ ၊ ကြိုးစားနေဖို့ပဲ လိုတာပါ ၊ တစ်ချိန်ချိန်ကျ အလုပ် ဖြစ်သွားမှာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments