Saturday, February 7, 2026
spot_img
spot_img

သူ၏မန်ယူကတိကို ဘရူနိုဖာနန်ဒက်စ် ထိန်းသိမ်းလျက်ရှိ

၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ဘရူနို ဖာနန်ဒက်စ်သည် ထိုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲများထက် ဂိုးပံ့ပိုးမှုများ ပိုမိုစာရင်းသွင်းနိုင်ရန် ရည်မှန်းချက်ကြီးသော ပစ်မှတ်ကို သတ်မှတ်ခဲ့ပေသည်။ ယခုအခါ သူ၏ကတိသတ်မှတ်ချက်ကို ထိန်းသိမ်းလျက်ရှိသည်ကို တွေ့ရသည်။

မန်ယူအသင်းသည် တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ် မှာ ဖူလ်ဟမ် ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားကာ ဝင်ဘလေမှာ ဘရိုက်တန်နှင့် ရင်ဆိုင်ရမှာ ဖြစ်ပါသည်။ ထိုသို့ ဖူလ်ဟမ်ကို အနိုင်ရရှိမှုတွင် ၂ ဂိုး သွင်းယူခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်သည် မန်ယူ၏ အမှတ်ပေးဇယားတွင် ရော်ဘင်ဗန်ပါစီနှင့် ဟာဗီယာ ဟာနန်ဒက်ဇ်တို့ကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

အသက် ၂၈ နှစ်ရှိ ကွင်းလယ်ကစားသမားသည် ဒီရာသီမှာ မန်ယူအသင်းအတွက် အရေးပါသော ကစားသမားဖြစ်ပြီး ပေါ်တူဂီကစားသမားသည် ဥရောပထိပ်တန်းလိဂ်ငါးခုမှာ အခြားကွင်းလယ်ကစားသမားတွေထက် မိနစ်ပိုကစားပေးခဲ့ပါသည်။ နည်းပြတန်ဟက်ဂ်လက်ထက် ကလပ်အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားသည် ရာထူးမှပြုတ်ကျပြီးနောက် ဖာနန်ဒက်စ်သည် ရာသီအများစုတွင် အသင်းခေါင်းဆောင်အဖြစ် ကစားလာခဲ့သည်။

ဖာနန်ဒက်စ်သည် ယခုနှစ်ဘောလုံးရာသီတွင် ၄၄ ပွဲကစားကာ ၁၀ ဂိုးသွင်းပြီး ၁၂ ဂိုးဖန်တီးထားသည်။ တနင်္ဂနွေနေ့က သူ၏ သွင်းဂိုးနှစ်ဂိုးသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလက စပို့တင်းကနေ ရောက်ရှိလာကတည်းက အသင်းအတွက် ဂိုး ၆၀ သွင်းပေးထားပြီးဖြစ်ပါသည်။ အသင်းသို့ရောက်လာပြီးကတည်းက အသင်းအတွက် ပွဲပေါင်း ၁၇၀ ကစားထားသော ဖာနန်ဒက်စ်သည် ၅၁ ဂိုးဖန်တီးပေးထားသောကြောင့်လည်း တစ်ပွဲလျှင် ၀.၃၅ ဂိုးအချိုးသည် အထူးသဖြင့် ကွင်းလယ်ကစားသမားအတွက် အထင်ကြီးစရာဖြစ်သည်။

သူသည် မန်ယူ၏ ၁၉ ဦး မြောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး လာမည့်လများအတွင်း ဇယားများတွင် Dwight Yorke ကို ကျော်တက်ရန် စိတ်အားထက်သန်နေမည်ဖြစ်သည်။ ရှေ့တန်းကစားသမားဟောင်း Dwight Yorke သည် အိုးလ်ထရက်ဖို့ဒ်တွင် ၎င်း၏ကစားသမားဘဝတွင် ၆၆ ဂိုးသွင်းယူခဲ့သည်။ ဖာနန်ဒက်စ်သည် အဲရစ်ကန်တိုနာနှင့် ဒေးဗစ်ဘက်ခမ်းတို့ကဲ့သို့ ခုန်ပျံကျော်လွှားရန် မျက်စိတစ်ဆုံးရှိမည်မှာ သေချာကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments