Thursday, January 15, 2026
spot_img
spot_img

သူ့ရဲ့ ရည်မှန်းချက် တစ်ခုကို ထုတ်ပြောလိုက်တဲ့ ယူနိုက်တက် ပစ်မှတ် ဟယ်ရီကိန်း

လာမယ့်နွေမှာ တိုက်စစ်မှူး တစ်ဦးကို မဖြစ်မနေ ခေါ်ယူလိုနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ ဟယ်ရီကိန်း က ဆုဖလားတွေ ဆွတ််ခူးလိုကြောင်း သူ့ရဲ့ ရည်မှန်းချက်တွေကို ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင််ပွဲကြီး ပြီးဆုံးသွားတဲ့နောက် တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လမ်းခွဲခဲ့ရပြီး အခုအချိန်အထိ အဆိုပါ နေရာကို ပြန်လည် အင်အားဖြည့်တင်းနိုင်ခြင်း မရှိခဲ့သေး ပါဘူး ။

အခြားတဖက်မှာတော့ ယူနိုက်တက် အသင်းဟာ နောက််ပိုင်း ပွဲစဥ်တွေမှာ အခွင့်အရေးတွေ အများကြီး ရရှိထားခဲ့ပေမဲ့ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ပရိသတ်တွေနဲ့ သတင်းသုံးသပ်သူတွေက လာမယ့်နွေမှာ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်သင့်တယ်လို့ ပြောခဲ့ကြပါတယ် ။

အဲ့ဒီနောက်မှာတော့ တော့တင်ဟမ်မှ ဟယ်ရီကိန်း ၊ နာပိုလီမှ အိုဆင်ဟမ်းတို့ဟာ ယူနိုက်တက်နဲ့ သတင်းထွက်လာခဲ့ကြပါတယ် ။ ဒီလိုအချိန်မှာ ဟယ်ရီကိန်း က ဆုဖလားတွေ ဆွတ်ခူးနိုင်ရေးဆိုတာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်ကြောင််း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” ကွင်းထဲမှာ ကျွန်တော့်အတွက် ရုပ်ထု လုပ်ပေးဖို့ဆိုတာက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး ။ ကျွန်တော် ဒီမှာ အသက် 11 နှစ် အရွယ်လောက် ကတည်းက နေလာခဲ့တာကြောင့် အသင်းအပေါ် လေးစားသမှု အများကြီး ရှိပါတယ် ”

” အခုဆို ကျွန်တော် ဒီမှာနေထိုင်လာခဲ့တာ 19 နှစ်တောင်် ရှိနေခဲ့ပြီလေ။ ကျွန်တော် ဒီမှာနေထိုင်လာခဲ့တာ အရမ််းကို အချိန်ကြာခဲ့ပါပြီ ။ ကျွန်တော်တို့ ဆုဖလားတွေ မရခဲ့ပေမဲ့ အသင်းအတွက် အောင်မြင်မှု အများကြီိးရယူပေးနိုင်ခဲ့တယ်လို့ ခံစားရပါတယ် ”

” ရုပ်ထု တစ်ခုက ကျွန်တော့်ရဲ့ ဘဝကို ဖန်တီး ၊ ဖျက်စီးစေနိုင်မှာ မဟုတ်ပါဘူး ။ ကျွန်တော်နဲ့ ပတ်သက်လို့ ဥက္ကဌကြီး ပြောခဲ့တာတွေကို တကယ်ပဲ အသိအမှတ်ပြုပါတယ် ။ ကျွန်တော့်ဖက်ကတော့ ကွင်းထဲ ရှိနေသရွေ့ အကောင်းဆုံး ပေးဆပ် ကစားသွားမှာပါ ”

” ကျွန်တော့် အသင်းကို တက်စွမ်းသမျှ အကူအညီပေးသွားမှာပါ ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ မပြောင်းလဲဲပါဘူး ။ ကျွန်တော် ဆုဖလားတွေ ဆွတ်ခူးချင်ပါတယ် ” လို့ အသက် 29 နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူးက ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments