Wednesday, February 11, 2026
spot_img
spot_img

” သူ့ကို မရောင်းစေချင်ပါဘူး ” အပြောင်းအရွှေ့သတင်းထွက်နေတဲ့ ဂန်းနား ဝါရင့် ကစားသမားကို ရောင်းမထုတ်သင့်ဘူးလို့ ဆိုလိုက်တဲ့ ဒေးဗစ်ဆီးမန်း

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် အသင်းဟာ အာဆင်နယ် အသင်း ကွင်းလယ်လူ ရှာကာ ကို ခေါ်ဖို့ လုပ်ဆောင်နေတယ် ဆိုတဲ့ သတင်းတွေဟာ မနေ့က အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် ခဲ့ပါတယ် ။ သတင်းတွေ အရတော့ လေဗာကူဆင် အသင်း အနေနဲ့ ရှာကာ ကို ခေါ်ချင်တယ်ဆိုရင် ပေါင် သန်း ဂဏန်း နှစ်လုံး နှင့် အထက် ပေးချေရမှာ ဖြစ်ကြောင်းလည်း သိရပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ရှာကာ အသင်း ကနေ ထွက်ခွာချင်တယ်ဆိုပါက ကာယကံရှင် ရဲ့ သဘောထားကို လေးစားတဲ့ အနေနဲ့ လိုက်လျော သဘောတူညီသွားမှာ ဖြစ်တယ်လို့ သတင်းတွေမှာ ရေးသား ဖော်​ပြ နေကြပါတယ် ။

ဂန်းနား ဂန္တဝင် ဂိုးသမား ဒေးဗစ်ဆီးမန်း ကတော့ ရှာကာ ကို ရောင်းမထုတ်စေချင်ကြောင်း သူ့ရဲ့ Seaman Says Podcast မှာ ပြောကြား သွားခဲ့ပါတယ် ။ ” ရှာကာ တစ်ယောက် အသင်းကနေ ထွက်ခွာဖို့ ရှိနေတယ်ဆိုတာက တကယ်ကြီးလား ၊ တကယ် ဖြစ်လာခဲ့ရင်တော့ ကျနော် အံ့အား သင့်မိမှာပါ ၊ အာဆင်နယ် အနေနဲ့ ရိုက်စ် လို ကစားသမားကို ပွဲထွက် အသုံး ပြုနိုင်တဲ့ အချိန်မျိုးမှသာလျှင် ထွက်ခွာခွင့် ပြုသင့်ပါတယ် ၊ ကျနော်ကတော့ ဒီရာသီ အသင်းအတွက် ပွဲအများစု ကစားပေးထားသူကို မထွက်ခွာစေချင်ပါဘူး ။ ”

” ရှာကာ က ကောင်းမွန်တဲ့ ဘောလုံး ရာသီ တစ်ခုကို ဖြတ်သန်း နေတာပါ ၊ သူ့လို အတွေ့အကြုံရင့် ကစားသမားကို မရောင်းစေချင်ပါဘူး ၊ ကျနော်တို့ အသင်း အနေနဲ့ သူ့ကို နောက်ရာသီ အနည်းငယ် လောက် ထပ်ပြီး လိုအပ် နေပါသေးတယ် ၊ သူ အသင်းအတွက် ပွဲထွက် မကစားရင်တောင် အသင်းရဲ့ လူစာရင်း အင်အား တောင့်တင်းအောင် ဆက်ထားသင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments