Monday, February 9, 2026
spot_img
spot_img

သူ့ကို ဘရာဇီး မှာ ရွေးချယ်တာနဲ့ ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခဲ့တဲ့ နက်တို ကို တည်တည်ငြိမ်ငြိမ် တုန့်ပြန်လိုက်တဲ့ မာတင်နယ်လီ

ဒီရာသီ အာဆင်နယ် အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသ ထားနိုင်တဲ့ မာတင်နယ်လီ ဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘရာဇီး လက်ရွေးစင် အသင်းမှာ အသင်းဖော် ဂျေးဇု နဲ့ အတူ ရွေးချယ် ခံခဲ့ရပါတယ် ။

မာတင်နယ်လီ ရွေးချယ်ခံရမှု အပေါ် အများစု က လက်ခံကြပေမယ့် ဘရာဇီး ကွင်းလယ်လူဟောင်း နက်တို ကတော့ ခုလို အပြင်းအထန် ဝေဖန် ခဲ့ပါတယ် ။” မာတင်နယ်လီ ကို ရွေးလိုက်တာ ဘာကြောင့်လဲ ပြောစမ်းပါဦး ၊ အခုမှ ကစားသမား ဘဝ သွင်းဂိုး ၃၃ ဂိုးပဲ ရှိသေးတဲ့သူလေဗျာ ၊ တကယ့်ကို ယုတ်ပဲ့လွန်းပါတယ် ။ ဒါက ဘောလုံး လောက ကို မလေးမစား လုပ်လိုက်တာပါပဲ ၊ ဘောလုံးလောက က ဘယ်လောက် အထိ ညစ်ပတ် စုတ်ပြတ်နေပြီလဲ ဆိုတာ ပြသလိုက်တာပါပဲ ။ ”

” မာတင်နယ်လီ ကိုကျ ခေါ်ပြီး ဘာဘိုဆာ ကိုကျ မခေါ်တာက လေးစားမှု ကင်းမဲ့တာပါပဲ ။ ရွေးချယ်ခံရသူတွေ အားလုံးထဲမှာ မာတင်နယ်လီ ကို ရွေးချယ်တာက နည်းပြ တီတီ ဘရာဇီး အသင်းမှာ ဆက်ရှိမနေသင့်တော့ဘူး ဆိုတာ ပြသလိုက်သလိုပါပဲ ။ မာတင်နယ်လီ က ခုမှ ဒီရာသီ ၅ ဂိုးပဲ သွင်းထားရသေးတာပါ ၊ ကာတာမှာလည်း မကန်ရပဲ mall ထဲပဲ လမ်းလျှောက်နေရမယ့် ကစားသမားပါ ၊ ဘယ်သူမှလည်း သူ့ကို သိကြမှာ မဟုတ်ပါဘူး ။ ”

” သူ မရွေးတဲ့ Gabigol ဆို တစ်ရာသီတည်း ၂၉ ဂိုး အထိ သွင်းပြီး Libertadores final မှာ အနိုင်ဂိုး သွင်းခဲ့သူပါ ။

မာတင်နယ်လီ က ဥရောပ မှာ ဘာလုပ်ပြထားပြီးပြီလဲ ၊အာဆင်နယ် က ချန်ပီယံလိဂ်တောင် မကန်ရတဲ့ အသင်းလေဗျာ ၊ တကယ့်ကို အကြီးအကျယ် အရှက်စရာ ရွေးချယ်မှုပါပဲ ။ “လို့ ဆိုးဆိုး ရွားရွား ဝေဖန် ခဲ့တာပါ ။

မာတင်နယ်လီ ကတော့ နက်တို ရဲ့ဝေဖန်မှု နဲ့ ပတ်သက်ပြီး ESPN Brasil နဲ့ အင်တာဗျူးမှာ ” ကျွန်တော်ကတော့ ပုံမှန် ဖြစ်နေကြ အရာလို့ပဲ ထင်ပါတယ် ။ဘရာဇီး က လူတစ်ချို့က ကျွန်တော့်ကို မသိကြပါဘူး ၊ တခြား ကစားသမား တစ်ဦးက လူစာရင်းမှာ ပါဝင်ဖို့ ပိုပြီး ထိုက်တန်တယ်လို့ ပြောတာကလည်း ပုံမှန်ပါပဲ ။ ”

” ကျွန်တော် ကတော့ ဘာမှ မဖြစ်ပါဘူး ၊ အေးဆေးပါပဲ ၊ ကျွန်တော် ကလပ် အသင်းအတွက် ဘာတွေ လုပ်ပြထားသလဲ ၊ ဘာတွေ လုပ်နိုင်သလဲ ကောင်းကောင်း ကိုယ့်ကိုယ်ကို သိပါတယ် ၊ ကိုယ့် အရည်အချင်းကိုလည်း ယုံကြည်ပြီးသားပါ ။ နောက်ပြီး သေချာပေါက် ပြောနိုင်တာ တစ်ခုက ဘရာဇီး လက်ရွေးစင် အသင်း အတွက် အကောင်းဆုံး ကြိုးစား ကစား သွားမယ်ဆိုတာပါပဲ ၊အသင်းကို ကျွန်တော် အစွမ်းကုန် ကူညီ ပေးသွားမှာပါ ၊ ကျွန်တော့်အတွက်လည်း အတွေ့အကြုံကောင်းတစ်ခု ဖြစ်ပါလိမ့်မယ် ။ ”

” ကျွန်တော်တို့ ကမ္ဘာ့ဖလား လူစာရင်းမှာ ရွေးချယ်ခံရတဲ့ အပေါ် အသင်းကလူအားလုံးက ပျော်နေကြပါတယ် ။ ကမ္ဘာ့ဖလား ကစားရတဲ့သူတွေ ရှိနေတာကလည်း အာဆင်နယ် အတွက် ကောင်းတဲ့ အရာပါ ၊ အသင်းက လူတိုင်း အရမ်းပျော်နေကြပါတယ် ၊ ကျွန်တော်တို့က စုစည်း ညီညွှတ်မှု ရှိတဲ့ အသင်း တစ်သင်းလေဗျာ ။ ”

” ဆာကာ ၊ ရမ်စ်ဒေးလ် ၊ ဘန်ဝှိုက်တို့ ရွေးချယ် ခံရတော့ တစ်ယောက် နဲ့ တစ်ယောက် ဂုဏ်ပြု စကားတွေ ပြောရင်း ပျော်နေကြတာပါ ။ ကျွန်တော်တို့ အသင်းက ပရီးမီးယားလိဂ် ထိပ်ဆုံးမှာ ရပ်တည် နေတဲ့ အသင်း ဆိုတာ သိပါတယ် ၊ ဒါပေမယ့် အခုမှ အစပဲ ရှိသေးတာကြောင့် ကျွန်တော်တို့ အများကြီး လုပ်ဆောင် ကြိုးစား ရပါဦးမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments