Tuesday, January 13, 2026
spot_img
spot_img

သူ့ကိုယ်သူ ခန့်မှန်းထားသည့်အသက်အရွယ်ကို ရောက်နေပြီဖြစ်ပြီး မကြာမီ သေဆုံးနိုင်သည်ဟု မိုက်တိုင်ဆန် ပြောကြား

ဂန္ထဝင်လက်ဝှေ့သမားတစ်ဦး ဖြစ်သည့် မိုက်တိုင်ဆန်က သူ၏ နေ့ရက်များမှာ ကုန်ဆုံးလာပြီဖြစ်ပြီး အလွန်နီးစပ်သည့်အချိန်တွင် သူသည် ကွယ်လွန်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။

မိုက်တိုင်ဆန်က “အားလုံးကတော့ တစ်နေ့မှာ သေရမှာပဲ မဟုတ်လား။ ကျွန်တော့် ကိုယ်ကျွန်တော် မှန်ထဲမှာကြည့်မိတဲ့ အခါမှာလည်း မျက်နှာမှာ အရေးအကြောင်းတွေကို မြင်လာရတယ်။ ကျွန်တော့်ရဲ့နေ့ရက်တွေက တဖြည်းဖြည်း ကုန်ဆုံးလာပြီး ကျွန်တော်ခန့်မှန်းထားတဲ့ အချိန်ကိုလည်း ကျော်လာပါပြီ။ ကျွန်တော်က အရမ်းကိုမဝေးတော့တဲ့ အချိန်တစ်ခုခုမှာ သေဆုံးသွားနိုင်ပါတယ်။ ကျွန်တော် သိလိုက်တာတစ်ခုတော့ရှိတယ်။ ငွေကြေးက လူတွေကို ပျော်ရွှင်စေတာ မှန်ပါတယ်။ ဒါပေမဲ့ ငွေမရှိခင်အချိန်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ ကိုယ့်ကို တကယ်ခင်တဲ့လူတွေကိုတောင် ငွေကြောင့် ငါ့ကိုခင်တာလားဆိုတဲ့ အတွေးတွေက အရမ်းအနှောင့်အယှက် ဖြစ်စေပါတယ်”ဟုလည်း ပြောကြားခဲ့ သည်။

မိုက်တိုင်ဆန်သည် Hotboxin နှင့်ပြုလုပ်ခဲ့သည့် Podcast အစီအစဉ်တွင် ယင်းကဲ့သို့ အံ့အားသင့်ဖွယ် စကားဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်ကို ကြည့်ရှုနေသည့် ပရိသတ်များက မိုက်တိုင်ဆန်၏ ပြောစကားအပေါ် စိတ်မကောင်းစွာဖြင့် တုံ့ပြန်ခဲ့ကြ ကြောင်းလည်း သိရှိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments