Saturday, February 7, 2026
spot_img
spot_img

” သူက ဂျေးဇု ထက် ဂိုးတွေ ပိုသွင်းပေးနိုင်သူပါ ” အာဆင်နယ် အတွက် သူလိုချင်တဲ့ တိုက်စစ်မှူး နာမည်ကို ပြောပြလိုက်တဲ့ ဒါရင်းဘန့်

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် က အာဆင်နယ် အသင်း အနေနဲ့ ချဲလ်ဆီး အသင်းမှာ နေရာ မရ ဖြစ်နေတဲ့ တိုက်စစ်မှူး လူကာကူ ကို ခေါ်ယူ သင့်ကြောင်း ပြောကြား လိုက်ပါတယ် ။ ဒါရင်းဘန့်က လူကာကူဟာ အာဆင်နယ် အသင်း ရဲ့ လက်ရှိ တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဇု ထက် ဂိုးပိုသွင်း ပေးနိုင်သူ ဖြစ်ကြောင်း ဆိုလိုက်တာပါ ။

လူကာကူ ဟာ ဒီနွေရာသီမှာ အင်တာမီလန် အသင်းကို အငှားထွက် ကစားနေရာကနေ ချဲလ်ဆီး အသင်းထံ ပြန်ရောက်လာမှာ ဖြစ်ပြီး သူ့ရဲ့ အနာဂတ်ဟာ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ဆက်ရှိဖို့ မသေချာတဲ့ အနေအထားပါ ။ ဒါရင်းဘန့် က အာဆင်နယ် အတွက် လူကာကူ ကို ခေါ်ချင်သလား ဆိုတဲ့ မေးခွန်းကို ” ဒါပေါ့ဗျာ ၊ သံသယ ဖြစ်စရာကို မရှိပါဘူး ။ ”

” လူကာကူ ကို ခေါ်ဖို့ အာဆင်နယ် က ဘယ်သူ့ကိုမှ ထုတ်စရာ မလိုပါဘူး ၊ ဒါပေမယ့် ကျနော်ကတော့ သူ့ကို အလို ရှိပါတယ် ၊ သူက ဂျေးဇု ထက် ဂိုးတွေ အများကြီး သွင်းပေး နိုင်သူပါ ၊ ဒီရာသီမှာ ဂါဘရီရယ် ဂျေးဇု လုပ်ပြ ခဲ့တာတွေက သိပ်ကောင်းတာ မှန်ပါတယ် ။ ဒါပေမယ့် တခါတလေမှာ သူ ဂိုးဧရိယာ ထဲ အဆင်သင့် မရှိနေတာမျိုးက ကျနော့်ကို စိတ်ပျက် စေပါတယ် ။ ”

” ဘောလုံး ကို ဖြတ်တင်ပေးပို့လိုက်ပေမယ့် ဘယ်သူမှ ပိတ်သွင်းဖို့ ရှိမနေတာမျိုးကို တခါတလေ တွေ့ခဲ့ရပါတယ် ၊ အဲ့အချိန်မှာ ဂျေးဇုက ဂိုးဧရိယာ အစွန်နားမှာပဲ ရှိနေတာပါ ၊ ဒါပေမယ့် လူကာကူ ကတော့ ဂိုးဧရိယာ ထဲ အမြဲ အသင့် ရှိနေသူပါ ၊ ဂျေးဇု ကို ဘယ်ခြမ်းမှာ ထားပြီး လူကာကူ ကို အလယ်မှာ ထားပါမယ် ၊ ဂျေးဇု ထက်စာရင် လူကာကူ က အထောင်တိုက်စစ် နေရာမှာ ပိုအဆင်ပြေသူပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments