Wednesday, January 14, 2026
spot_img
spot_img

ဝုလ်ဗ်နဲ့ ပွဲမှာ ခြေစွမ်း အထူးနုံချာခဲ့တဲ့ ချဲလ်ဆီး စတား တဦးဖက်မှ ကာကွယ်ပေးသွားတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ဝုလ်ဗ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့ အတူ ၂ – ၁ ရလဒ်နဲ့ အရေးနိမ့်သွားပါတယ် ။ လောလောဆယ်မှာ အဆင့် ၁၀မှာ ရပ်တည်နေဆဲ ဖြစ်ပေမယ့် ဒါဟာ ပေါင်တဘီလီယံကျော် သုံးစွဲထားတဲ့ ခြင်္သေ့ပြာတို့ အတွက် ဘယ်လိုမှ လုံလောက်မှု မရှိနေပါဘူး ။

ဒီပွဲမှာတော့ လူသိပ်မစုံနေတာကြောင့် ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ အထောင် တိုက်စစ်မှူး ၂ဦးနဲ့ အတူ ၄ – ၄ – ၂ ကစားကွက်ကို ပထမဆုံး အကြိမ် ချဉ်းကပ် ပွဲထုတ်လာတာ တွေ့ရပါတယ် ။ ဂိုးမပေးရခင် ချဲလ်ဆီးတို့ ဂိုးသွင်းခွင့် တချို့ ရခဲ့ပေမယ့် ၊ ထုံးစံအတိုင်း အဆုံးသတ် ပြဿနာနွံကနေ ရုန်းထွက်နိုင်ခြင်း မရှိသေးတာကို တွေ့ရပါတယ် ။

နာကျင်အချိန်ပို ၆မိနစ် ရောက်မှ ချဲလ်ဆီးတို့ ချေပဂိုး ပြန်ရခဲ့တဲ့ အထိ တိုက်စစ်ကစားအားက စိတ်ပျက်စရာကောင်းခဲ့အပြီး ၊ ပုံမှန် ဂိုးသွင်းပေးနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင် လူစားလဲခံရအပြီးမှာ Molineux ကွင်းတွင်းရှိ ချဲလ်ဆီး ပရိသတ်တွေဟာ ဝမ်းသာအားရစွာနဲ့ လက်ခုပ်တီးခဲ့ကြပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုကတော့ ဝေဖန်မှုတွေ ဆက်တိုက် ရင်ဆိုင်နေရပြီး အဆုံးသတ် အားရစရာမရှိနေတဲ့ ဂျက်ဆင်ဖက်ကနေ အခုလိုပဲ ကာကွယ်ပေးသွားပါတယ် ။

ပိုချက်တီနို က ” ခင်ဗျားတို့ ဂျက်ဆင်ကို တခြားတိုက်စစ်မှူးတွေနဲ့ ခိုင်းနှိုင်းတဲ့အခါ သူ့အပေါ် မျှော်မှန်းချက် အကြောင်းနဲ့ပဲ နှိုင်းယှဉ်တတ်ကြပါတယ် ။ သူ့အသက်အရွယ်မှာ ဒီလိဂ်ကို ပြောင်းလာတဲ့ တခြား တိုက်စစ်မှူးတွေကို ခင်ဗျား ကြည့်လိုက်ရင် ၊ သူတို့ ဘယ်နှဂိုး သွင်းနိုင်သလဲ ဆိုတာ ကြည့်လိုက်ရင် သူ စွမ်းဆောင်ပြနေတာကို မြင်တွေ့ရမှာပါ ။ ”

” ဒီနေ့ ရှုံးပွဲအတွက် ကျွန်တော်တို့ သူ့ကို အပြစ်တင်လို့ မဖြစ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပိုချက်တီနိုက ခရစ်စမတ် မတိုင်ခင် ဘာကြောင့် နိုင်ပွဲ မရှာဖွေပေးနိုင်ခဲ့လဲ ဆိုတာ ခုလိုပဲ ရှင်းလင်းလာပါတယ် ။

ပိုချက်တီနို က ” ကျွန်တော်တို့ အမှားတွေ ကျူးလွန်ခဲ့ပါတယ် ။ ဒီအတွက် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ ။ ဒါကြောင့် ကျွန်တော်တို့ အနိုင်မရခဲ့တာပါ ။ ကျွန်တော်တို့မှာ ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရှိခဲ့ပါတယ် ။ ကျွန်တော်တို့ရဲ့ ရန်သူက ကိုယ်ကိုယ်တိုင်ပါပဲ ။ ”

” ဒီနေ့ပွဲကနေ ကျွန်တော်တို့ ခုထက် ပိုပြီး ထိုက်တန်တဲ့ ရလဒ် တခုခု ရခဲ့သင့်တာကြောင့် အရမ်း စိတ်ပျက်ခဲ့ရပါတယ် ။ ခင်ဗျား အဆုံးသတ် လုံလောက်မှု မရှိရင် ၊ ဒီပြိုင်ပွဲဟာ ခင်ဗျားကို ဒဏ်ရာတွေ ပေးတတ်ပါတယ် ။ ကျွန်တော်တို့ အခွင့်အရေးတွေတော့ ဖန်တီးနိုင်ခဲ့ပါတယ် ။ ”

” ဒါကြောင့် ဒီရှုံးပွဲက စိတ်ပျက်ဖို့ကောင်းခဲ့တာပါ ။ ထောင့်ကန်ဘော အနည်းငယ် ပေးခဲ့ရပြီးနောက် ကျွန်တော်တို့ ပြိုင်ဖက်ကို ဂိုးတွေ ခွင့်ပြုဖို့ အကြောင်းဖန်လာတာပါပဲ ။ ဒါက တကယ်ကို ခက်ခဲခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments