Thursday, January 22, 2026
spot_img
spot_img

ဝုဗ်နဲ့ပွဲစဉ်က လူးဝစ်-စကယ်လီရဲ့ အနီကတ်ကို ပြန်လည်ပယ်ဖျက်ပေးရန် အာတီတာ တောင်းဆို

အာဆင်နယ်အသင်းသည် ဝုဗ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း၊ ပွဲအတွင်း လူးဝစ်-စကယ်လီ ရရှိခဲ့သည့် အနီကတ်ကိစ္စကြောင့် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။ အာဆင်နယ်နည်းပြ မီကယ်အာတီတာက ယင်းအနီကတ်အား ပြန်လည်ပယ်ဖျက်ပေးရန် FA ထံ တောင်းဆိုထားကြောင်း သိရသည်။

စနေနေ့က ကစားခဲ့သော ပွဲစဉ်၏ ပထမပိုင်းတွင် စကယ်လီသည် ဝုဗ်ကစားသမား မတ်ဒိုဟာတီအား ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရသည်။ ယင်းဆုံးဖြတ်ချက်အပေါ် များစွာသော ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး၊ အဆိုပါ ဖျက်ထုတ်မှုသည် အနီကတ်ပြသထိုက်သည်အထိ ရမ်းကားခြင်း သို့မဟုတ် အန္တရာယ်များခြင်း မရှိဟု ဘောလုံးပရိသတ်အများစုက ယူဆခဲ့ကြသည်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း အလန်ရှီးယားရားကပင် ယင်းဆုံးဖြတ်ချက်ကို မကြာသေးမီက မြင်တွေ့ခဲ့ရသည့် အဆိုးရွားဆုံး ဆုံးဖြတ်ချက်များထဲမှ တစ်ခုအဖြစ် ပြောကြားခဲ့သည်။
“ကျွန်တော် အချိန်အတော်ကြာ မြင်ဖူးသမျှထဲမှာ အဆိုးဆုံး ဆုံးဖြတ်ချက်တစ်ခုပါပဲ” ဟု ရှီးယားက ပြောကြားခဲ့သည်။

Arteta calls for Lewis Scally's red card in Wolves match to be overturned

အာတီတာကလည်း ဒေါသထွက်နေမှုကို မထိန်းနိုင်ဘဲ “ကျွန်တော်တော်တော် ဒေါသထွက်နေပေမယ့် အဲဒါကို ထိန်းထားပါ့မယ်။ ဒီနေ့ ဘာမှတ်ချက်မှ မပေးချင်ပါဘူး။ အားလုံးအတွက် ထင်ရှားနေတယ်လို့ ထင်ပါတယ်။ မှန်ကန်တဲ့အရာ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အယူခံဝင်စရာ မလိုအောင်ပေါ့။ လိုအပ်ရင်တော့ ဘရူနိုဖာနန်ဒက်စ်ကိစ္စလိုမျိုး ဒီရာသီမှာ ကောင်းတဲ့ သာဓက ရှိပါတယ်” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ယခုရာသီအစောပိုင်းက မန်ယူကစားသမား ဘရူနိုဖာနန်ဒက်စ်၏ အနီကတ်အား ပြန်လည်ရုပ်သိမ်းပေးခဲ့သည့် ဖြစ်ရပ်ကို ဥပမာပေး၍ စကယ်လီ၏ အနီကတ်ကိုလည်း ပြန်လည်စဉ်းစားပေးရန် FA အား တောင်းဆိုခဲ့သည်။ စကယ်လီသည် အသင်းအတွက် အရေးပါသော ကစားသမားတစ်ဦးဖြစ်ပြီး၊ လာမည့်ပွဲစဉ်များတွင် ပါဝင်ကစားနိုင်ရန် အရေးကြီးကြောင်းလည်း အာတီတာက “ကျွန်တော်တို့ မဖြစ်သင့်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ လာမယ့် ရက်သတ္တပတ်တွေအတွက် သူ့အလုပ် သူ ဆက်လုပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ကစားသမား ၁၀ ဦးဖြင့် ကစားခဲ့ရသော်လည်း၊ ကာလာဖီအိုရီ၏ ၇၄ မိနစ်မှာ သွင်းယူခဲ့သည့် တစ်လုံးတည်းသော ဂိုးဖြင့် ဝုဗ်အကို အနိုင်ရရှိခဲ့သည်။ အာတီတာက အသင်း၏ စိတ်ဓာတ်နှင့် ဉာဏ်ရည်ကို ချီးကျူးပြီး “ကစားသမားတွေအပေါ် အရမ်းဂုဏ်ယူပါတယ်။ သူတို့ရဲ့ ရဲရင့်မှု၊ စိတ်ဓာတ်နဲ့ ဉာဏ်ရည်ကို တွေ့ရတယ်။ ဒီအခြေအနေမျိုးမှာ စိတ်ပိုင်းဆိုင်ရာ ကိုင်တွယ်ပုံက အံ့သြစရာပါပဲ။” ဟု ဆိုသည်။

ယင်းအနိုင်ရရှိမှုကြောင့် အာဆင်နယ်အသင်းသည် လိဂ်ဦးဆောင်အသင်း လီဗာပူးနှင့် ၆ မှတ်အကွာတွင် ရှိနေဆဲဖြစ်သည်။ သို့သော် စကယ်လီ၏ အနီကတ်ကိစ္စနှင့် ပတ်သက်၍ FA ၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments