ဇန်န၀ါရီလက ရောက်ရှိလာခဲ့တဲ့ မန်ယူတိုက်စစ်မှူး ဝေါက်ဝက်ဟော့စ် ဟာ သူ့နာမည်အတွက် ၂ ဂိုးသာ သွင်းယူထားပါတယ်။
ဘောလုံးဟာ ငဲ့ညှာမှုမရှိ ပြိုင်ဆိုင်မှုပြင်းထန်းတဲ့ လုပ်ငန်းဖြစ်ပြီး နည်းပြ အဲရစ်တန်ဟက်ဂ် က မန်ယူအသင်းတွင် ဓါးသွားများကို ဖယ်ရှားရန် တွန့်မနေခဲ့ပါ။
သူရောက်ပြီးကတည်းက ကစားသမားတွေ ကောင်းကောင်းမလုပ်နိုင်ရင် သူတို့တွေ အသင်းကနေ ထွက်သွားရပြီဖြစ်ပါတယ်။
ဟယ်ရီမက်ဂွိုင်းယား က ရာသီအစတွင် ဘရိုက်တန် နဲ့ ဘရန့်ဖို့ဒ်တို့ကို ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ပွဲဆက်တိုက် မကစားနိုင်ခဲ့ပေ။ စကော့တ် မက်တွန်မီနေး က အောက်တိုဘာလအစောပိုင်းကတည်းက ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲသာ ကစားထားပါတယ်။
မက်ဂွိုင်းယား၊ နှစ်ရှည်ဒဏ်ရာရခဲ့တဲ့ အန်သိုနီ မာရှယ် နဲ့ အငှားထွက်ထားတဲ့ အဲလက်စ် တဲလက်စ် တို့အားလုံးကို နွေရာသီမှာ ရောင်းချဖို့ ရည်မှန်းထားပြီးဖြစ်ပါတယ်။
တန်ဟက်ဂ် က မန်ယူထံသို့ စည်းကမ်းနဲ့ မြင့်မားတဲ့ စံနှုန်းများကို ပြန်လည်ယူဆောင်လာခဲ့ပြီး ထိုစံချိန်စံညွှန်းများကို ကွင်းထဲတွင်ဖြစ်စေ၊ ကွင်းအတွင်းဖြစ်စေ ကွင်းပြင်ပတွင်ဖြစ်စေ မရောက်ရှိနိုင်သူတွေဟာ နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်ခဲ့ကြရပါတယ်။

ခြွင်းချက်တစ်ခုရှိပါတယ် – ဝေါက် ဝက်ဟော့စ် ။
တိုက်စစ်မှူးကြီးဟာ ရော်နယ်ဒို ရုတ်တရက် ထွက်ခွာသွားပြီးနောက် မန်ယူရဲ့ တိုက်စစ်အဆင့်ကို မြှင့်တင်ဖို့ ဇန်နဝါရီမှာ ရောက်ရှိလာခဲ့ပြီး တူရကီမှာ ကမ္ဘာ့ဖလားနဲ့ ရာသီပထမပိုင်းအပြီးမှာ သူဟာ အရန်ခုံပေါ်က သင့်တော်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
သို့သော်လည်း မာရှယ် ရဲ့ ဆက်လက် ပျက်ကွက်ခြင်းကြောင့် ထို့ထက်ပို၍ ဝက်ဟော့စ်ကို မှီခိုအားထားနေရပါတယ်။
မျှော်လင့်ထားတဲ့အတိုင်း ဝက်ဟော့စ် က မတ် ၁၇ က ယူရိုပါလိဂ် နောက်ဆုံး ၁၆ သင်းတွင် ရီးယဲလ်ဘက်တစ်နဲ့ ကစားခဲ့တဲ့ ဒုတိယအကျော့အတွက် ပထမဦးစားပေး ၁၁ ဦးတွင် ပါဝင်ခဲ့သဖြင့် ၎င်းဟာ သူစတင်ခဲ့တဲ့ ၁၇ ကြိမ်မြောက်ပွဲဖြစ်ပါတယ်။ အဲဒီပွဲတွေမှာ သူ နှစ်ကြိမ်ပဲ ဂိုးသွင်းနိုင်ခဲ့ပြီး ချေပဂိုးတွေလည်း မသွင်းနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း တစ်ကြိမ်မှ မသွင်းဖူး ပါဘူး။
ဝက်ဟော့စ် က ဒေါသတကြီးဖြင့် ကောင်းကင်သို့ မျှော်ကြည့်ခြင်း သို့မဟုတ် လက်များကို ခေါင်းအား ဆုပ်ကိုင်ထားကာ နောက်ထပ်အခွင့်အရေးတစ်ခု ထပ်မံတောင်းခံနေတဲ့ပုံဟာ ၂၀၂၃ ခုနှစ်တွင် ပုံမှန်မြင်ကွင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ထိုကဲ့သို့သော ဂိုးရှေ့တွင် ဖြစ်စဥ်ဟာ များသောအားဖြင့် တိုက်စစ်မှူးတစ်ဦးအတွက် အမင်္ဂလာအခါတော်အချက်ပေးချက် ဖြစ်ပါတယ်။ တန်ဟက်ဂ် ကတော့ ဝက်ဟော့စ်ကို သူစတင်စကတည်းက ပထမဦးစားပေး ၁၁ ဦးထဲမှ တစ်ကြိမ်မှ မထုတ်ရသေးပါဘူး။
ဟုတ်ပါတယ်၊ ဝက်ဟော့စ် ဟာ ပြိုင်ဘက်တွေကို ဖိအားပေးရာမှာ အံ့သြစရာကောင်းပြီး အကန့်အသတ်မဲ့ စွမ်းအင်တွေကို ရှေ့တန်းတင်ကာ သူ့ရဲ့အသင်းဖော်တွေနဲ့ ကောင်းကောင်းချိတ်ဆက်နိုင်ကာ ရော်နယ်ဒို မလုပ်နိုင်ခဲ့တဲ့အရာ (သို့) မလုပ်မယ့်အရာ (၃)ခုကို လုပ်ဆောင်နေပါတယ်။ အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ကိုယ်ကျိုးမဖက်ဘဲ ကွင်းလယ်ဖန်တီးမှုမှာ ပိုမိုနက်ရှိုင်းစွာ ကစားခဲ့ပါတယ်။
ဘက်တစ်နဲ့ပွဲတွင် ပထမအကျော့တွင် အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးပြီးနောက် တန်ဟက်ဂ် က “သူဟာ ရုပ်ပိုင်းဆိုင်ရာအရ ပွဲတော်တော်များများကို ကစားနိုင်သူပါ” လို့ ပြောကြားခဲ့ပါတယ်။ “သူဟာ အရမ်းကြံ့ခိုင်တဲ့ ကစားသမားဖြစ်ပြီး သူအရမ်းပြန်ကောင်းလာပါတယ်။ သူအများကြီးကစားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ထားပေမဲ့ ထင်ရှားပါတယ်၊ အန်သိုနီမာရှယ် မှာ ဒဏ်ရာရှိနေတာကြောင့် ဒါဟာ ပွဲတိုင်းကို အစကနေအဆုံးနီးပါးကစားရတဲ့ အဓိကအကြောင်းရင်းပဲဆိုတာ သိသာပါတယ်။
“သူဟာ နေရာအလိုက် ဉာဏ်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ အလွန်ကောင်းတဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ ဖြတ်တင်ဘောတွေဝင်လာတဲ့အခါ မြင့်မားတဲ့တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ချိတ်ဆက်ပြီး ဂိုးရှေ့ကိုရောက်ရှိဖို့နဲ့ ခံစစ်ပိုင်းမှာလည်း သူအရမ်းတော်ပါတယ်”
သို့သော်လည်း သူဟာ နွေရာသီတွင် အမြဲတမ်းအပြောင်းအရွှေ့ ဖြစ်နိုင်ပါတယ်- သူ့ချို့ယွင်းချက်များနှင့် အသင်းတွင် မတုန်မလှုပ်ရှိနေခဲ့ခြင်းတို့က နွေရာသီတွင် မန်ယူ၏ အကြီးမားဆုံး ဦးစားပေးကိစ္စဖြစ်ကြောင်း မီးမောင်းထိုးပြထားပါတယ်။ လုံလုံလောက်လောက် ထင်ရှားသေးတာတော့ မဟုတ်ပေမဲ့လည်းပေါ့လေ။
ဝက်ဟော့စ် က အလုပ်အားလုံးကို လုပ်နိုင်သူဖြစ်ပေမဲ့လည်း မန်ယူဟာ အရည်အသွေးရှိတဲ့ တိုက်စစ်မှူးတစ်ဦးကို အလွန်အမင်း လိုအပ်နေပါတယ်။
ဝက်ဟော့စ် ဟာ ရော်နယ်ဒို၊ ကာဗာနီ နဲ့ အစ်ဟာလို တို့ပါ၀င်တဲ့ ရှည်လျားသောတန်းစီတွင် မန်ယူ၏ ပြဿနာယာယီဖြေရှင်းခြင်း သံသရာကို အဆုံးသတ်စေမယ့် ယခုနောက်ဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဟယ်ရီကိန်း ဟာ အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်ပြီး ၎င်းရဲ့စာချုပ်နောက်ဆုံးနှစ်တွင် နွေရာသီအတွက် တန်ဟက်ဂ် ၏ အဓိကပစ်မှတ်ဖြစ်ကြောင်းလည်း နားလည်ရပါတယ်။
ကိန်းဟာ ပြီးခဲ့တဲ့ ကိုးရာသီဆက်တွင် ဂိုး ၂၀ ကျော် သွင်းယူနိုင်ခဲ့ပြီး ၃၀ အထိ သုံးကြိမ် ရှိခဲ့ကာ ၄၀ ကြိမ်အထိ တစ်ကြိမ် စံချိန်တင်နိုင်ခဲ့ပါတယ်။ အဲဒါတွေက မန်ယူရဲ့ အိပ်မက်နဲ့ ကိုက်ညီတဲ့ ဂဏန်းအမျိုးအစားတွေပါ။ သူဟာ မန်ယူ အသင်းအတွက် ပြီးပြည့်စုံသူဖြစ်မှာပါ။
အကယ်၍ စပါးအသင်းက ကိန်းကို စွန့်လွှတ်ရန် ဆန္ဒမရှိပါက ရှက်စရာကောင်းသော်လည်း ဗစ်တာအိုစီဟင် က စိတ်လှုပ်ရှားဖွယ်ကောင်းသော ရွေးချယ်မှုတစ်ခုဖြစ်ပြီး ဂွန်ကာလိုရာမို့စ်သည်လည်းပဲ ကလပ်၏ရေဒါတွင် ရှိနေမှာဖြစ်ပါတယ်။
ဘယ်သူပဲဖြစ်ဖြစ်၊ မန်ယူဟာ လာမယ့်ရာသီအတွက် အားထားယုံကြည်ရတဲ့ ဂိုးရင်းမြစ်တစ်ဦးကို ရှာဖွေဖို့ မရှိမဖြစ်လိုအပ်ပြီး ဒါမှသာ တန်ဟက်ဂ် ဖန်တီးခဲ့ပြီးတဲ့ ကောင်းမွန်တဲ့အခြေအနေတွေကို အသုံးချနိုင်မှာပါ။ သူတို့ဟာ ဒီရာသီမှာ အရည်အသွေးရှိတဲ့ တိုက်စစ်မှူးမရှိဘဲနဲ့တောင် ကောင်းကောင်းလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အရည်အသွေးရှိတဲ့ တိုက်စစ်မှူးရှိတဲ့အခြေအနေမှာဆို ဘယ်လောက်ထိ ကောင်းကောင်းလုပ်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။






