Tuesday, January 13, 2026
spot_img
spot_img

ဝက်စ်ဟမ်းက ထွက်ခွာရန် သေချာနေတဲ့ ရိုက်စ် အာဆင်နယ်သို့ပြောင်းရွှေ့ရန် စိတ်အားထက်သန်

ဒက်ကလန်ရိုက်စ်သည် လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် ဝက်စ်ဟမ်းအသင်းကို စွန့်ခွာရန်သေချာနေကြောင်း ခြေစွမ်းအမြင့်ဆုံးအသင်းတွင် ကစားချင်နေပြီး အာဆင်နယ်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေကြောင်း သတင်းများက ဖော်ပြသည်။

ဘရိုက်တန်ကို ရှုံးနိမ့်ခြင်း ဗီလာနှင့်သရေကျခြင်းများကို ကြုံတွေ့ရပြီးနောက်  ဝက်စ်ဟမ်းသည် အောက်တိုဘာနောက်ပိုင်းတွင် ပရီးမီးယားလိဂ် နိုင်ပွဲနှစ်ပွဲသာ အနိုင်ရရှိသည့် မှတ်တမ်းကို ရရှိထားသည်။ ဝက်စ်ဟမ်းအသင်းကွင်းလယ်လူသည် အသင်းပြောင်းရန်သေချာနေပြီး အာဆင်နယ်သို့ ပြောင်းရွှေ့လိုနေကြောင်း ဂါးဒီးယန်းသတင်းစာက ဖော်ပြခြင်းဖြစ်သည်။ သူ့အနေဖြင့် အဆင့်မြင့်သည့် အသင်းတွင်ကစားလိုပါက အသင်းပြောင်းရန်လိုအပ်ကြောင်း ဝက်စ်ဟမ်းအသင်းသည် တိုးတက်မှုမရှိဟု ရိုက်စ်ကယူဆနေကြောင်း သတင်းများက ဆက်လက်ဖော်ပြသည်။

ဝက်စ်ဟမ်းအသင်းမန်နေဂျာမိုယေးစ်က ရိုက်စ်၏ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၅၀ ခန့်သတ်မှတ်ထားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အာဆင်နယ်သည် ကွင်းလယ်ကိုအားဖြည့်လိုနေသည်။ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ကိုင်ဆီဒိုကို ပေါင်သန်း ၇၀ ပေး၍ ခေါ်ယူလိုသော်လည်း အဆင်မပြေဖြစ်ခဲ့ပြီးနောက် ကိုင်ဆီဒိုသည် ဘရိုက်တန်နှင့် လေးနှစ်စာချုပ် သက်တမ်းတိုးသွားခဲ့သည်။ အာဆင်နယ်သည် ဂျော်ဂျင်ဟိုကို အစားထိုးခေါ်ယူခဲ့သည်။ အသက် ၂၄ နှစ်အရွယ်ရှိ ရိုက်စ်သည် အာဆင်နယ်ကွင်းလယ်အတွက် ရည်ရှည်အသုံးပြုနိုင်မည့်ကစားသမားဖြစ်သည်ဟု ရိုက်စ်က ယူဆနေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments