Thursday, January 15, 2026
spot_img
spot_img

ဝက်ကင်းစ်ကို ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံလိုက်ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လိုအပ်နေတဲ့ အထောင်တိုက်စစ်နေရာအတွက် အက်စတွန် ဗီလာ တိုက်စစ်ကစသမား အိုလီ ဝက်ကင်းစ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကို ဗီလာဘက်ကနေ လုံးဝ ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ ရိုမာနိုက သတင်းဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီဈေးကွက်မှာ အထောင်တိုက်စစ်မှူးတစ်ဦးကို ဖြည့်တင်းသွားဖို့ ရှိနေပြီး လိုက်ပ်ဇစ်က ဆလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုကို ကြိုးပမ်းခဲ့ပေမယ့်လည်း ဒီကြိုးပမ်းမှုက မအောင်မြင်ခဲ့တာကြောင့် ဈေးကွက်မပိတ်ခင်အတွင်း တခြားတိုက်စစ်မှူးတွေကိုသာ ထပ်မံ ချိန်ရွယ်လာခဲ့ပါတယ်။

အသင်းမှာ ဂါဘရီရယ်လ် ဂျေဇူး ACL ထိနေတဲ့အပြင် ကိုင်း ဟာဗက်ဇ်ကလည်း အထောင်တိုက်စစ်နေရာမှာ ပုံမှန်ခြေစွမ်း မပြသနိုင်တာကြောင့် အထောင်တိုက်စစ်မှူးတစ်ဦးက မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်လာခဲ့ပြီး နဂိုကတည်းက အသင်းနဲ့ သတင်းထွက်ပေါ်ခဲ့ဖူးတဲ့ ဗီလာ တိုက်စစ်မှူး ဝက်ကင်းစ်ကို ကမ်းလှမ်းလာခဲ့ပါတယ်။

Arsenal reject £60m bid for Ollie Watkins

အာဆင်နယ်ဟာ အသက်(၂၉)နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး တရားဝင် ကမ်းလှမ်းမှုတစ်ရပ်အနေနဲ့ ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းလာခဲ့ပေမယ့် ဒီကမ်းလှမ်းမှုအပေါ် ပယ်ချသွားခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ် ကစားဖို့ ရှိနေချိန်မှ ဝက်ကင်းစ်လို အသင်းအတွက် အရေးပါတဲ့ ကစားသမားအတွက် ကမ်းလှမ်းမှုကိုလည်း စိတ်ပျက်လျက် ရှိနေပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ ဝက်ကင်းစ်ရဲ့ ဗီလာ အသင်းဖော် ကိုလံဘီယာ တိုက်စစ်မှူးလေး ဂျွန်ဒူရန်ရဲ့ အခြေအနေတွေကိုလည်း ဗီလာအသင်းထံမှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုတော့ ဒီကစားသမားလေးကို ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းက ခေါ်ယူသွားနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ အာဆင်နယ်အနေနဲ့ ဒီဈေးကွက်မှာပဲ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာသွားချင်နေတဲ့ ပြင်သစ် ဆယ်ကျော်သက် တိုက်စစ်စားသမားလေး မာသီစ် တဲလ်ကို ပိုမို ပစ်မှတ်ထားလာခဲ့ပြီး ဒီကစားသမားကိုတော့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်အသင်းတွေကပါ စိတ်ဝင်စားနေကြပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments