Monday, February 9, 2026
spot_img
spot_img

လူးဝစ်ဒီယက်ဇ်၏ မိဘနှစ်ဦးအား ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟု သံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး 

လီဗာပူးလ်အသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်၏ မိဘနှစ်ဦးအား ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟု သံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် နိုဝင်ဘာ (၁) ရက် နံနက်အစောပိုင်းတွင် ကိုလံဘီယာနိုင်ငံ၊ ဘာရန်ကက်စ်မြို့ရှိ နေအိမ်တစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေ၍ ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟု သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံသတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။ 

၎င်းသည် လူးဝစ်ဒီယက်ဇ်၏မိဘနှစ်ဦးကို ခြေရာခံ၍ ၎င်းတို့၏ လှုပ်ရှားမှုများကို ပြန်ပေးဆွဲသူများထံ သတင်းပေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ယူဆထားပြီး ဖမ်းဆီးထိန်းသိမ်း၍ စစ်ဆေးမှုပြုလုပ်လျက်ရှိသည်။

လူးဝစ်ဒီယက်ဇ်၏ မိဘနှစ်ဦးသည် အောက်တိုဘာ (၂၈) ရက်က ဘာရန်ကက်စ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်၌ ဖရဲသီး ဝယ်နေစဉ် သေနတ်သမားလေးဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

မိခင်ဖြစ်သူ မာရူလန်ဒါကို ယင်းနေ့မှာပင် ဘာရန်ကက်စ်မြို့၌ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ဖခင်ဖြစ်သူ လူးဝစ်မန်နူရယ်ဒီယက်ဇ်အား ပြန်လည်ကယ်တင်နိုင်ရန်အတွက် ကိုလံဘီယာတပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေလျက်ရှိသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments