Friday, March 13, 2026
spot_img
spot_img

လူငယ်တိုက်စစ်ကစားသမား ဂါနာချိုကို လစာ ဆယ်ဆတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်း ပြင်ဆင်

မန်ယူအသင်းသည် အသင်းမှ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်ကစားသမား ဂါနာချိုကို လစာဆယ်ဆတိုးမြှင့်ပြီး စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

အသက် (၁၈)နှစ်သာရှိသေးသူ ဂါနာချိုသည် နည်းပြ တန်ဟက်ဂ်၏အစီအစဉ်များတွင် လျင်မြန်စွာ ပါဝင်လာပြီး ကမ္ဘာ့ဖလားကာလ ကလပ်အသင်းပြိုင်ပွဲများ မရပ်နားမီ ဆိုစီဒက်၊ ဖူလ်ဟမ်အသင်းများနှင့်ပွဲတွင် အနိုင်ဂိုးများ သွင်းယူပေးခဲ့သည်။

ဂါနာချိုသည် လက်ရှိတွင် တစ်ပတ် ပေါင် (၅၀၀၀)သာ ရရှိ နေပြီး ပေါင် (၅၀၀၀၀)အထိတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုရန် အသင်းမှ ပြင်ဆင်နေခြင်းဖြစ်သည်။ ဂါနာချိုသည် ၂၀၂၀ ပြည့်နှစ်တွင် အက်သလက်တီကိုအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် (၄၂၀၀၀၀)ဖြင့် မန်ယူ အကယ်ဒမီသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဂါနာချို၏ လက်ရှိစာချုပ်မှာ ၂၀၂၄ ခုနှစ် ဇွန်လအထိ သက်တမ်းရှိကာ တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်လျက်ရှိသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments