Tuesday, January 20, 2026
spot_img
spot_img

လူကာကူလို ကစားသမားမျိုး အလိုမရှိဟု အင်တာမီလန်အသင်းဥက္ကဋ္ဌဟောင်း မိုရက်တီ ပြောကြား

အင်တာမီလန်ဥက္ကဋ္ဌဟောင်း မိုရက်တီက အင်တာမီလန်အသင်းအနေဖြင့် လူကာကူလို ကစားသမားမျိုး အလိုမရှိကြောင်း ပြောကြားခဲ့သည်။ 

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် ၂၀၂၂ တွင် ချယ်လ်ဆီးသို့ မပြောင်းရွှေ့မီ အင်တာမီလန် အသင်းတွင် (၂) ရာသီကစားခဲ့သလို၊ ပြီးခဲ့သည့်ရာသီကလည်း တစ်ရာသီအငှားဖြင့် လာရောက်ကစားခဲ့သည်။ 

လူကာကူအနေဖြင့် အင်တာမီလန်သို့အပြီးပြန်လာမည်ဟု ကတိပေးခဲ့သော်လည်း ယခုအခါ ဂျူဗင်တပ်စ်သို့ပြောင်းရွှေ့ရန် သတင်းများထွက်ပေါ်နေရာ အင်တာမီလန်ပရိသတ်များက ၎င်းကို ဒေါသထွက်နေကြသည်။ 

မိုရက်တီက “လူကာကူ တခြားကလပ်နဲ့ ဆွေးနွေးနေချိန်မှာ သူ ပြောခဲ့တာတွေ၊ သူ ကတိပေးခဲ့တာတွေကို ကျွန်တော် သတိရမိပါတယ်။ သူ့ရဲ့ လုပ်ရပ်တွေကို ကျွန်တော် မနှစ်သက်ပါဘူူး။ အသင်းပရိသတ်တွေကလည်း မကြိုက်ကြဘူး။ လူကာကူရဲ့စိတ်နေစိတ်ထားက စိတ်ပျက်စရာပါ။ သူ့လိုလူကို အင်တာမီလန်အနေနဲ့ မလိုအပ်ပါဘူး”ဟု ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments