Friday, January 16, 2026
spot_img
spot_img

လီဝန်ဒေါစကီးသည် ကမ္ဘာ့အဆင့်တိုက်စစ်မှူးဟု အဲရစ်ဂါစီယာ ချီးကျူး

ဘာစီလိုနာနောက်ခံလူ အဲရစ်ဂါစီယာက တိုက်စစ်မှူးသစ် လီဝန်ဒေါစကီးသည် ကမ္ဘာ့အဆင့်တိုက်စစ်မှူးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် အသက် (၃၃) နှစ်အရွယ်ရှိ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးအား ယူရို (၄၅) သန်း (Add-ons ကြေးများကို ထည့်တွက်ပါက ယူရိုသန်း ၅၀ အထိ ရှိလာနိုင်)ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာနောက်ခံလူ အဲရစ်ဂါစီယာက လီဝန်ဒေါစကီးဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးဖြစ်ပြီး အသင်းကို များစွာကူညီနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“လီဝန်ဒေါစကီးလို တိုက်စစ်မှူးနဲ့ တစ်သင်းတည်းမှာ အတူရှိရတာ ခံစစ်သမားတွေအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ယောက်ပါ။ ကျွန်တော်တို့အသင်းကို အများကြီးကူညီပေးနိုင်မှာလည်း သေချာပါတယ်။ တတ်နိုင်သမျှ အမြန်ဆုံး အသင်းအတွက် စတင်ကူညီပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်”ဟု အဲရစ်ဂါစီယာက ပြောကြားခဲ့သည်။

လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားခဲ့သည့် (၈) ရာသီအတွင်း ပြိုင်ပွဲစုံ (၃၇၅) ပွဲတွင် (၃၄၄) ဂိုးအထိ သွင်းယူပေးခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments