Saturday, February 7, 2026
spot_img
spot_img

လီဗာပူး နဲ့ ဟန်ဒါဆန် တို့ကြားမှာ မုန်းတီးတဲ့ ဆက်ဆံရေး မရှိဘူးလို့ ဆိုလိုက်တဲ့ ကလေ

ယာဂန်ကလော့က လီဗာပူးနဲ့ ဟန်ဒါဆန် တို့ကြားမှာ မုန်းတီးတဲ့ ဆက်ဆံရေး မရှိပါဘူးလို့ ဆိုလိုက်ပါတယ် ။ ပြီးခဲ့တဲ့အပတ်က အင်တာဗျုး အစီအစဉ်မှာ ဟန်ဒါဆန်က သူဟာ လီဗာပူး ဘက်က အလိုရှိတယ်လို့ မခံစားရတာကြောင့် ဆော်ဒီကလပ်ကို ပြောင်းရွေ့ရန် ဆုံးဖြတ်ချက် ချခဲ့တာလို့ ထုတ်ဖော်ခဲ့ပါတယ်။

ကလော့က သူဟာ နွေရာသီမှာ ဟန်ဒါဆန်နဲ့ စကားပြောဆိုမှု လုပ်ခဲ့တယ်လို့ အတည်ပြုလိုက်ပြီး ကွင်းလယ်လူအသစ်တွေ ရောက်လာတာကြောင့် လီဗာပူး အသင်းခေါင်းဆောင်ရဲ့ ပွဲကစားချိန် နည်းပါးသွားနိုင်ဆိုတာ အသိပေးခဲ့တယ်လို့ ဆိုလိုက်ပါတယ် ။

ယာဂန်ကလော့က “ကျနော် သူ့ရဲ့ အင်တာဗျူးကို ဖတ်ခဲ့ပါတယ်။ ဟန်ဒိုဟာ ကိစ္စအားလုံးမှာ အမှန်တရားကို ပြောခဲ့ပါတယ်။ ကျနော်တို့ စကားပြောခဲ့ပါတယ်။ သူ့ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားသစ်တွေ ရောက်လာတာကြောင့် ပုံမှန် ကစားခွင့်ရမှာ မဟုတ်လောက်တဲ့ အခြေအနေရှိတယ်ဆိုတဲ့ အကြောင်းလည်း ပြောဖြစ်ခဲ့ပါတယ်။

ကျနော့်အနေနဲ့ ကစားသမား တစ်ဦးကို ရာသီသစ် မစတင်မီမှာပဲ ‘မင်း ဒီိရာသီမှာ ပွဲ 50 လောက် 100% ကစားရလိမ့်မယ်လို့ မပြောနိုင်ပါဘူး။ ဒါဟာ ကစားပုံ အပေါ်ပဲ မူတည်ပါတယ်။ အကယ်၍ ဟန်ဒို ကောင်းကောင်း ကစားနိုင်ရင် သူ ပွဲ 50 ကစားခွင့်ရဖို့ ဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် ဒီအခြေအနေမှာ ကျနော်တို့ကြားမှာ ရှိတဲ့ ဆက်ဆံရေးကြောင့် (အကယ်၍ ကစားခွင့် မရခဲ့ဘူးဆိုရင်) ဆိုတဲ့ဟာ အပါအဝင် အရာအားလုံးကို ပြောဖို့ အရေးကြီးပါတယ်။” လို့ ဆိုလိုက်ပါတယ် ။

ဆက်လက်ပြီး ကလော့က “ဟန်ဒိုဟာ အရမ်းကောင်းတဲ့ ကစားသမားပါ။ ကျနော် သူ့ကို အမြဲချစ်ခင်နေမှာပါ။ ဒါပေမယ့် ကစားခွင့်မရတာကိုတော့ သူမကြိုက်ပါဘူး။ သူ့ဘက်က ကျနော်ကသာ ဆက်နေဖို့ ပြောမယ်ဆိုရင် လီဗာပူးမှာ ဆက်ရှိနေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ အမှန်ပါပဲ။

ကျနော်သူ့ကို ဒီမှာပဲ ဆက်ရှိစေချင်ပေမယ့် ဒီလို မပြောနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် အသင်းပြောင်းတာဟာ သူ့အတွက် ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်မှာပါ။ ကျနော်တို့ကြားမှာ မုန်းတီးတဲ့ ဆက်ဆံရေး မရှိပါဘူး။ သူဟာ ပရီးမီးယားလိဂ်ခေတ်ရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တသင်းရဲ့ ခေါင်းဆောင်ပါ။ သူဟာ အရမ်းကောင်းတဲ့ ကစားသမားပါ။

ကျနော့်ရဲ့ အမြင်အရ သူဟာ တကယ်ကောင်းတဲ့ နှုတ်ဆက်မှုကို ရခဲ့ပါတယ်။ အထင်လွဲစရာ ဘာမှ မရှိပါဘူး။” လို့ ဆိုလိုက်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments