Thursday, January 15, 2026
spot_img
spot_img

လီဗာပူးအသင်းဖော် နှစ်ဦးကို ကမ္ဘာ့ဖလားမှာ အင်္ဂလန်အတွက် ရွေးချယ်ရန် တိုက်တွန်းလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးတို့ ရာသီအစပိုင်းမှာ တာထွက် မကောင်းခဲ့ပေမယ့်လည်း ဗာဂျယ်ဗန်ဒိုက်က လာမည့် ကမ္ဘာ့ဖလားအတွက် အင်္ဂလန် အသင်းမှာ သူ့ရဲ့ အသင်းဖော် ၂ ဦးကို ရွေးချယ်ရန် နည်းပြ ဂါရက်ဆောက်ဂိတ်ကို တိုက်တွန်း သွားခဲ့ပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို တက်ရောက်ထားခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ တာထွက်မကောင်းဘဲ ဖြစ်နေကာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပါးကို အနိုင်မရမီ နော့တင်ဟမ်ဖောရက်စ် နဲ့ လိဒ် တို့ကို ရှုံးနိမ့်ခဲ့ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးရဲ့နောက် တစ်မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့တဲ့ အပြင် ချန်ပီယံလိဂ်ဖိုင်နယ် နဲ့ ပြည်တွင်းဖလား ၂ လုံး ရခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစား နိုင်ပွဲ ၅ ပွဲသာ အနိုင်ရထားပြီး အဆင့် ၈ နေရာကို ရောက်နေကာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ၇ မှတ် အကွာမှာ ရှိနေတာကြောင့် top 4 ၀င်ဖို့တောင် အတော် ရုန်းကန်ရဖို့ ရှိနေပါတယ်။

ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုး နဲ့ ဗဟို နောက်ခံလူ ဂိုးမက်ဇ် တို့ဟာ ဒီရာသီ ၎င်းတို့ရဲ့ Performance တွေကြောင့် ဝေဖန်မှုတွေ အပြင်းအထန် ခံနေရပြီး လူအများစု ကလည်း ဒီနှစ်ဦးကို လာမည့်ကမ္ဘာ့ဖလားမှာ ဆောက်ဂိတ်က ရွေးချယ်သွားဖို့ မရှိဘူးလို့ သုံးသပ်ထားကြပါတယ်။

ဒါပေမယ့်လည်း ဗန်ဒိုက်က ဂါရက်ဆောက်ဂိတ် အနေနဲ့ ဒီလမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် နောက်ခံလူ အလက်ဇန်းဒါးအာနိုး နဲ့ ဂျိုးဂိုးမက်ဇ် တို့ကို ရွေးချယ်သင့်တယ်လို့ ဆိုခဲ့ပါတယ်။

ဂယ်ရီနဗီးရဲ့ The Overlap အစီအစဉ်မှာ ဗန်ဒိုက်က “အင်္ဂလန် လက်ရွေးစင် အသင်းမှာ အလက်ဇန်းဒါးအာနိုး အနေနဲ့ ပွဲထွက် ကစားခွင့်တွေ မရထားတဲ့ အပေါ် ကျွန်တော် အံ့အားသင့်မိပါတယ်။ အင်္ဂလန်ဟာ အရမ်းကို ကောင်းတဲ့ ညာနောက်ခံလူတွေကို ပိုင်ဆိုင်ထားတာ အရမ်းကို ကံကောင်းပါတယ်။ အားလုံးဟာ ဂယ်ရီနဗီး လက်သစ် ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ကြီးပျင်းလာခဲ့တဲ့ ပုံစံပါပဲ။

အင်္ဂလန်မှာ ရိစ်ဂျိမ်း ကိုင်းဝေါ်ကာ တို့လို ထူးချွန်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့် ထရန့် အနေနဲ့ ကတော့ အနည်းဆုံးတော့ အင်္ဂလန် လူစာရင်းမှာတော့ ပါ၀င်သင့်ပါတယ်။ သူတို့ဟာ ခံစစ်မှာ ငါးယောက်ထားကစားတာပါ။ ဒါဟာ သူ့အတွက် ခြားနားတဲ့ role ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အရည်အသွေး အရ နည်းပြဘက်ကသာ ယုံကြည်မှု ပေးမယ်ဆိုရင် သူဟာ အင်္ဂလန် အတွက် အဖိုးတန်တဲ့ ကစားသမား ဖြစ်နိုင်ပါတယ်။

အင်္ဂလန်ဟာ အရည်အသွေးမြင့် ကစားသမား အများအပြား ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဖိုဒန် ရပ်ဖို့ဒ် နဲ့ ဘယ်လင်ဟမ် တို့ကို မယုံနိုင်စရာ လူငယ်ကြယ်ပွင့်တွေလည်း ရှိနေပါတယ်။ ကျွန်တော့်ရဲ့ အမြင်အရ ဂျိုးဂိုးမက်ဇ်တောင် ကမ္ဘာ့ဖလား သွားရောက် ကစားခွင့် ရသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် သူ့ကို ဒီထက် ပိုကောင်းအောင် ကြိုးစားပေးမှာပါ။ သူဟာ မန်စီးတီး နဲ့ ပွဲစဉ်မှာ တအားကို ကောင်းခဲ့တယ် မဟုတ်လား” လို့ ပြောသွားပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments