၂၀၂၂-၂၃ ရာသီကုန်တွင် လီဗာပူးလ်မှထွက်ခွာရန် ရောဘတ်တို ဖာမီနို၏ဆုံးဖြတ်ချက်အပေါ် နည်းပြ ယာဂင်ကလော့ပ်က တုံ့ပြန်ချက်ပေးခဲ့ပါသည်။
အန်းဖီးလ်တွင် ဆုဖလားများဖြင့် ပြည့်သိပ်နေခဲ့ကာ မမေ့နိုင်သော ရှစ်နှစ်ကြာပြီးနောက် သူ၏ ကစားသမားဘ၀တွင် ကဏ္ဍသစ်တစ်ခုစတင်ရန် ရည်ရွယ်ချက်ကို နည်းပြနှင့် ကလပ်အသင်းအား မကြာသေးမီက အတည်ပြုခဲ့သည်။

သောကြာနေ့ကပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာ ဖာမီနို ၏ အနာဂတ်အကြောင်းကိုမေးမြန်းရာမှာ ကလော့ပ် က သတင်းထောက်တွေကို “ဟုတ်တယ်၊ သူက ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အံ့သြသွားသလား? ဟုတ်တယ် နည်းနည်းတော့ အံ့သြစရာတော့ မဟုတ်ဘူး၊ တကယ်တော့ ဒါဟာ လုပ်သင့်တဲ့ သာမန်ကိစ္စပါပဲ။”
“လမ်းနှစ်သွယ်နဲ့ သွားနိုင်တယ်။ ပြီးတော့ အဲဒါကို အရမ်းလေးစားတယ်။ ကျွန်တော်တို့နဲ့ ရှိတဲ့၊ ဘော်ဘီနဲ့ရှိတဲ့၊ ကလပ်အသင်းနဲ့၊ ကစားသမားအများစုနဲ့၊ ပရိသတ်တွေနဲ့ရှိတဲ့ ဒီလိုရှည်လျားတဲ့ ဆက်ဆံရေးမျိုးမှာ ဒါမျိုးက လုံးဝပုံမှန်ပါပဲ။”

“အဲဒါက အရမ်းထူးခြားပြီး မန်ယူနဲ့ပွဲမှာ သူရခဲ့တဲ့ ကြိုဆိုခံရမှုကို ကျွန်တော် သဘောကျပါတယ်။ သူကျွန်တော့်ကိုပြောပြခဲ့ပါတယ်၊ သူပြောခဲ့တဲ့ တစ်ခုတည်းသောအချက်က ‘အခု ဒီအံ့ဖွယ်ဇာတ်လမ်းဆီ အပြုသဘောဆောင်တဲ့အဆုံးသတ်ကို ယူဆောင်လာချင်တယ်’ ဆိုတာပါပဲ။ သူ ဒီအသင်းမှာ ရှိနေချိန်မှာ ပြောတာဖြစ်တယ်၊ လုံးလုံးလျားလျား သံန္နိဋ္ဌာန်ချထားတာပါ၊ လူတိုင်း မှန်းကြည့်လို့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့သိဖို့ လိုတယ်။”
“ဒီအခိုက်အတန့်မှာ နှုတ်ဆက်ဖို့ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အချိန်မရှိဘူး၊ ရာသီနှောင်းပိုင်းမှာတော့ အဲဒီအတွက် အချိန်အလုံအလောက်ရှိပါတယ်။”
“ပြဿနာမရှိပါဘူး။ သူက အတိုက်အခံအသင်းနဲ့ လာခဲ့ရင်တောင် လူတွေက သူ့ကိုတွေ့ရတာ အရမ်းပျော်ကြမယ်လို့ ထင်ပါတယ်။” ဟု ကလာ့ပ်က ပြောကြားခဲ့ပါသည်။






