လီဗာပူးလ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဆီနီဂေါတိုက်စစ်ကစားသမား မာနေသည် လီဗာပူးလ်အသင်းမှ ဝန်ထမ်း(၁၅၀)ထံ လက်ဆောင်ပစ္စည်းများ ပေးပို့ခဲ့ကြောင်း သိရသည်။
မာနေ ပေးပို့သော လက်ဆောင်ထုပ်ထဲ၌ ၎င်း၏ရုပ်ပုံ ပြုလုပ်ထားသည့် ချောကလက်တစ်ခုစီနှင့် ၎င်းင်း၏လက်ရေးဖြင့် ဖန်တီးထားသည့် အမှတ်တရကတ်တစ်ခုစီ ပါဝင်ကြောင်း သိရသည်။
အဆိုပါသတင်းကို Bild သတင်းစာမှ ဘောလုံးသတင်းထောက်ချုပ် ခရစ္စတီယန်ဖော့ခ်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး မာနေသည် လီဗာပူးလ်အသင်း သန့်ရှင်းရေးအမျိုးသမီးဝန်ထမ်းမှစ၍ လုံခြုံရေးအရာရှိအထိ ဝန်ထမ်း(၁၅၀)ထံ စနေနေ့က လက်ဆောင်ပစ္စည်းများ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။






