လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က အသင်းခေါင်းဆောင် ဟန်ဒါဆန် အသင်းပြောင်းရွှေ့သွားသည့်အတွက် လွမ်းဆွတ်နေမိမည်ဖြစ်သော်လည်း အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ဟန်ဒါဆန်ထွက်ခွာသွားသောကြောင့် အသင်းခေါင်းဆောင်အသစ် ရွေးချယ်ရမည်ဖြစ်သော်လည်း ဗန်ဒိုက်ပင် တာဝန်ပေးခံရလိမ့်မည်ဟု ရေပန်းစားနေသည်။

”ဟန်ဒါဆန် ထွက်ခွာသွားတာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ သူက တကယ့်ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့သူပါ။ ဒါပေမဲ့ အသင်းခေါင်းဆောင်တာဝန်ကို ကျွန်တော် ရယူနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်အတွက် ကြီးမားတဲ့ဆုလာဘ်လည်း ဖြစ်ပါလိမ့်မယ်”ဟု ဗန်ဒိုက်က ပြောကြားခဲ့သည်။






