Tuesday, January 20, 2026
spot_img
spot_img

လီဗာပူးလ်အနည်းပြသစ်အဖြစ် အမော်ရင်မ်နှင့် သဘောတူညီမှုရရှိခဲ့သည်ဟု သတင်းထွက်ခဲ့သော်လည်း သတင်းရင်းမြစ်များကမူ ငြင်းဆန်

လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် လမ်းခွဲတော့မည့် နည်းပြ ယာဂန်ကလော့ပ်၏နေရာတွင် စပို့တင်းလစ္စဘွန်းအ သင်းနည်းပြ ရူဘင်အမော်ရင်မ်နှင့် အစားထိုးသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။

သို့သော် အသက်(၃၉)နှစ်အရွယ်သာရှိသေးသူ အမော်ရင်မ်သည် လီဗာပူးလ်အသင်းနည်းပြသစ်ရေပန်းစားနေသူများထဲတွင် ထိပ်ဆုံးမှ ဦးဆောင်နေဆဲပင်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ သည်။

လီဗာပူးလ်အသင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက အမော်ရင်မ်သည် အသင်းနှင့် စာချုပ်ကိစ္စ ဆွေးနွေးနေခြင်း သို့မဟုတ် နည်းပြ ရာထူးအတွက် ကမ်းလှမ်းထားခြင်းမျိုးသာရှိကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အခြားသော အလားအလာရှိသည့် နည်းပြများနှင့်လည်း ဆွေးနွေးမှုများပြုလုပ်ရန် ဆန္ဒ ရှိနေကြောင်း သိရသည်။

အမော်ရင်မ်သည် လီဗာပူးလ်အသင်းနည်းပြသစ် ဖြစ်လာရန်အတွက် အခြားပရီးမီးယားလိဂ်ကလပ်များ၏ ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့သည်။ အမော်ရင်မ်သည် ၂၀၂၂ ခုနှစ် တွင် အက်စတွန်ဗီလာအသင်း၊ ၂၀၂၃ ခုနှစ်တွင် ချယ်လ်ဆီးအသင်းနှင့် စပါးအသင်း၊  ယခုမန်ယူအသင်းတွင် တန်ဟက်ဂ်၏နေရာကို အစားဝင်ရောက်မည့်သူအဖြစ် ရေပန်းစားနေခြင်းဖြစ်သည်။ အမော်ရင်မ်က သူ၏အနာဂတ်အပေါ် “ကျွန်တော် အာမခံချက် (ဆက်နေမယ်) မပေးနိုင်ပါဘူး။ နောက်ပြန်မပြင်တဲ့ စကားတွေပဲ ကျွန်တော် ပြောပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေ မရယူနိုင်ရင် စပို့တင်း အသင်းက ထွက်ခွာပါလိမ့်မယ်။ ဒါဟာ အစကတည်းက ရှင်းရှင်းလင်းလင်းပါပဲ”ဟု မကြာသေးမီက ပြောကြားခဲ့သည်။  

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments