လီဗာပူးလ်အသင်းကို (၀-၇)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ရလဒ်မှာ မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်အတွက် နည်းပြဘဝ ၄၈၁ ပွဲတွင် အဆိုးဆုံးရှုံးနိမ့်မှုဖြစ်ခဲ့ပြီး ယင်းအတွက် မန်ယူအသင်း၏ ကစားပုံကို ၎င်းက ဝေဖန်ပြောကြားခဲ့ကြောင်း သိရသည်။

တန်ဟက်ဂ်က ”ဒုတိယပိုင်းကစားပုံက ကျွန်တော်တို့ပုံစံ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့အဆင့်အတန်းမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အသင်းတစ်သင်းပုံစံမျိုး မကစားနိုင်ခဲ့ဘူး။ ဒုတိယပိုင်းကစားပုံကြောင့် အံ့အားသင့်ပြီး ဒေါသထွက်ရတယ်ဆိုတာ အမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်နဲ့ လတွေမှာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ချန်ပီယံဆုရယူနိုင်ဖို့ ဆုံးဖြတ်ထားတဲ့အသင်းတစ်သင်းကို ကျွန်တော်တွေ့မြင်ခဲ့ရလို့ပါ။ ကျွန်တော်တို့ အစီအစဉ်အတိုင်း မလုပ်နိုင်ခဲ့ဘူး။ ကိုယ့်အလုပ်ကိုယ် မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ နောက်ပြန်လှည့်သွားတာ မဟုတ်ပါဘူး။ ဒါက တကယ်ကို ပရော်ဖက်ရှင်နယ်မဆန်တာပါပဲ။ ဒါက လက်တွေ့ကျတဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ အခိုင်အမာရလိုက်တဲ့ မက်ဆေ့ချ်လည်း ဖြစ်ပါတယ်” ဟု ဝေဖန်ပြောကြားခဲ့သည်။







