Thursday, January 15, 2026
spot_img
spot_img

လိုပက်တီဂူနေရာအတွက် ပေါ်တာနဲ့အစားထိုးခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းကတော့ နည်းပြ လိုပက်တီဂူထွက်ခွာခဲ့ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီး ပေါ်တာနဲ့အစားထိုးခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ၇ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ လိုပက်တီဂူဟာ မေလတုန်းက နည်းပြ မိုယက်စ်နေရာကို အစားဝင်လာခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းကတော့ လိုပက်တီဂူနေရာမှာ ပေါ်တာကို ခန့်အပ်ကြောင်း ကြေညာခဲ့သလို ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဘရိုက်တန်နည်းပြဟောင်းဟာ ယခင်ဘရိုက်တန်အသင်းနဲ့အတူ တောက်ပလာခဲ့တာဖြစ်ပြီး ချဲလ်ဆီးမှာတော့ ရုန်းကန်ခဲ့ရပြီးနောက် အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းမီဒီယာနဲ့အင်တာဗျူးမှာ ပေါ်တာက “ကျွန်တော် ဒီအသင်းမှာရှိခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ အဲ့တာက ကျွန်တော့်အတွက် အရေးပါခဲ့ပါတယ်။ ဒီအလုပ်ကိုမရခင် စောင့်ဆိုင်းခဲ့ရပြီး အခုတော့ ဝက်စ်ဟမ်းက ကျွန်တော့်အတွက် မှန်ကန်တဲ့အသင်းလို့ခံစားရပါတယ်။

West Ham United announced on Wednesday that head coach Lopetegui has resigned

ဒါက ဝက်စ်ဟမ်းရောက်လာချိန်မှာ ကျွန်တော်ခံစားရတဲ့ခံစားချက်ပါ။ ဝက်စ်ဟမ်းက ကြီးမားတဲ့အသင်းတစ်သင်းပါ။ လန်ဒန်ရဲ့အကြီးဆုံးအသင်းတွေထဲကတစ်သင်းဖြစ်သလို တောင့်တင်းတဲ့ပရိသတ်အင်အားအပြင် ကမ္ဘာတစ်လွှားမှာလည်း ပရိသတ်တွေရှိပါတယ်။

၂၀၂၃ တုန်းက သူတို့ယူရိုပါကွန်းဖရန့်လိဂ်ရယူခဲ့တာကို ကျွန်တော် မြင်ခဲ့ပါတယ်။ အဲ့တာက ကွင်းအတွင်းကော ကွင်းအပြင်မှာပါ တည်ငြိမ်လာပြီဆိုတာကို ပြသနေပါတယ်။
ဒီအသင်းက ပြီးခဲ့တဲ့နှစ်တွေမှာ တိုးတက်မှုတွေရှိလာပါတယ်။ အသင်းရဲ့အခြေခံတည်ဆောက်မှုတွေကလည်း အရမ်းကောင်းလာပါတယ်။ ဥရောပဖလားမယူနိုင်သေးရင်တောင် အဲ့ဆုဖလားရနိုင်တဲ့အနေအထားမျိုးရှိနေပါတယ်။

စိန်ခေါ်မှုတွေရှိလာနိုင်ပြီး နောက်တစ်ဆင့်ချင်းတိုးတက်အောင် လုပ်ရပါမယ်။ အသင်းတစ်သင်းအနေနဲ့ တိုးတက်လာအောင် ပရိသတ်တွေဂုဏ်ယူရအောင် တည်ဆောက်ရပါမယ်”လို့ ပေါ်တာက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီး နဲ့ ဘရိုက်တန်နည်းပြဟောင်းဟာ ဝက်စ်ဟမ်းအသင်းမှာအထိုင်ကျဖို့ အချိန်အများကြီးမယူရပဲ လာမယ့်သောကြာနေ့မှာ ဗီလာအသင်းနဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments