Thursday, November 6, 2025
spot_img
spot_img

လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့ရန် မန်ယူလူငယ်တောင်ပံကစားသမား အလန်ဂါ ဆွေးနွေးနေ

မန်ယူလူငယ်တောင်ပံကစားသမား အလန်ဂါသည် ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးနေကြောင်း ဆွီဒင်သတင်းစာ Plettigoal က ဖော်ပြခဲ့သည်။ 

အသက် (၂၁) နှစ်အရွယ် ဆွီဒင်လက်ရွေးစင်တောင်ပံကစားသမား အလန်ဂါသည် တန်ဟက်ဂ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် (၅) ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ၎င်းသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၂၆) ပွဲ ကစားခဲ့သော်လည်း တစ်ဂိုးမျှ သွင်းယူနိုင်ခဲ့ခြင်းမရှိပေ။ ယခုအခါ အလန်ဂါအား ခေါ်ယူရန် လိုက်ပ်ဇစ်အသင်းက ကစားသမားနှင့်ဆွေးနွေးနေပြီး မန်ယူအသင်းက ၎င်းကို ပေါင်(၁၃)သန်းဝန်းကျင်ဖြင့် လက်လွှတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments