Monday, February 9, 2026
spot_img
spot_img

လိဂ်ဖလားမှ ထွက်ခဲ့ရခြင်းမှာ မိမိအပြစ်ဟု အာတီတာ ဆို

အာဆင်နယ်အသင်းနည်းပြ အာတီတာက လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းမှာ မိမိ၏အမှား၊ မိမိ၏အပြစ်ဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် လိဂ်ဖလားစတုတ္ထအဆင့်တွင် ဝက်စ်ဟမ်းအသင်းကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ 

အဆိုပါရှုံးပွဲအတွက် အာဆင်နယ်နည်းပြ အာတီတာသည် အသင်းကစားသမားများကို အပြစ်တင်ခဲ့ခြင်းမရှိဘဲ မိမိတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော် အလွန်စိတ်ပျက်မိပါတယ်။ အဲဒီအတွက် ကျွန်တော် တာဝန်ယူပါတယ်။ ကျွန်တော်တို့ မတူညီတဲ့ပုံစံမျိုးနဲ့ ယှဉ်ပြိုင်ကစား ချင်ခဲ့တာပါ”ဟု အာတီတာက ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments