Wednesday, February 11, 2026
spot_img
spot_img

လာလီဂါ ပွဲစဉ်-၃၁ ပွဲကြိုသုံးသပ်ချက်

ဟီရိုနာ – ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဧပြီ ၂၆ ရက် နံနက် ဝဝးဝ၀ နာရီ)

ဟီရိုနာကိုလည်း လျှော့တွက်လို့မရဘူး။ ရီးယဲလ်နဲ့ဆုံထားတဲ့ နောက်ဆုံး (၂)ပွဲမှာ (၁)ပွဲနိုင်၊ (၁)ပွဲသရေ ကစားထားတယ်။ လက်ရှိ ဟီရိုနာရဲ့တိုက်စစ်ဖွင့်ကစားပုံကလည်း အလုပ်ဖြစ်နေတယ်။ ဒါကြောင့်လည်း လာလီဂါဘက်မှာ ခံစစ်ကစားပုံ အတက် အကျရှိတဲ့ ရီးယဲလ်မက်ဒရစ်ကို ဖိအားပြန်ပေးနိုင်ဖို့များနေတယ်။ ရီးယဲလ်ကလည်း အဆင့်(၂)နေရာတည်မြဲရေးအတွက် ရုန်းကန်နေရချိန်ဖြစ်သလို၊ ချန်ပီယံလိဂ်မကစားခင်မှာ လာလီဂါဘက်ကို အပြည့်အဝအားထည့်မှာလည်း သေချာတယ်။ ရီးယဲလ်ကို ကြိုက်တယ်။ ဂိုးလည်းများနိုင်တယ်။

ကာဒစ်ဇ် – အိုဆာဆူနာ (မြန်မာစံတော်ချိန် ဧပြီ ၂၆ ရက် နံနက် ဝဝးဝ၀ နာရီ)

လက်ရှိကာဒစ်ဇ်ရဲ့ ဂိုးရဖို့ရုန်းကန်နေရတဲ့ တိုက်စစ်ပိုင်းနဲ့တော့ အဝေးကွင်းထိန်းကစားတတ်တဲ့ အိုဆာဆူနာကို အနိုင်ရဖို့ ခက်နေဦးမှာပါ။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

ဘက်တစ် – ဆိုစီဒက် (မြန်မာစံတော်ချိန် ဧပြီ ၂၆ ရက် နံနက် ၂း၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ဒီနှစ်သင်းရဲ့ပွဲက ပြိုင်ဆိုင်မှုပြင်းထန်မှာသေချာတယ်။ နှစ်သင်းစလုံး ခုတလော ကစားပုံ အနည်းငယ်ကျနေသလိုမြင်ရပေမဲ့ ဘက်တစ်ရဲ့ အိမ်ကွင်းရုန်းကန်အားနဲ့ အစဉ်အလာပိုင်းအသာရမှုက စကားပြော သွားမယ့်ပွဲလို့ထင်တယ်။ ဆိုစီဒက်ကတော့ သရေတစ်မှတ်အတွက်ပဲ အဓိကပြင်ဆင်လာဖို့ ရှိပါတယ်။ ဘက်တစ်နဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments