Thursday, January 22, 2026
spot_img
spot_img

လာလီဂါ ဆုရှင် ဘယ်လင်ဟမ် ၊ ဂရင်းဝုဒ် ကို ခေါ်ချင်တဲ့ ထိပ်သီးအသင်း ၊ နွေရာသီအပြောင်းအရွှေ့ တွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

ရီးရဲမက်ဒရစ် ကွင်းလယ် စတား ဂျုဒ် ဘယ်လင်ဟမ် ဟာ လာလီဂါ ရဲ့ ၂၀၂၃ – ၂၄ ဘောလုံးရာသီ အတွက် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ် ခံခဲ့ရပါတယ် ။ ဘာစီလိုနာ ကြယ်ပွင့်လေး လာမိန်း ယာမဲ ကတော့ အကောင်းဆုံး ယူ-၂၃ ကစားသမားအဖြစ် ရွေးချယ် ခံခဲ့ရတယ်လို့ သိရပါတယ် ။

ဂျာမန် ထိပ်သီး ကလပ် ဒေါ့မွန် ဟာ မန်ယူနိုက်တက် ဆီကို ပြန်ရောက်လာတဲ့ မေဆင် ဂရင်းဝုဒ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။ ယူနိုက်တက် ကတော့ ဂရင်းဝုဒ် ကို ပြောင်းရွှေ့ကြေး များများ နဲ့ ရောင်းထုတ်သွားဖို့ကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ သိရပါတယ် ။

ရီးရဲမက်ဒရစ် တိုက်စစ်မှူးလေး ရိုဒရီဂို ကတော့ အသင်းကနေ ထွက်ခွာဖို့ စိတ်ကူးမရှိကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ ပါတယ် ။ ရိုဒရီဂို ဟာ အမ်ဘာပေ ရောက်ရှိလာပါက နေရာပျောက်နိုင်တာကြောင့် အခြား ထိပ်သီး အသင်းတသင်းသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သတင်းထွက်နေသူလည်း ဖြစ်ပါတယ် ။

နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန် ဟာ ဒဏ်ရာပြဿနာကြောင့် ၄ ပတ်လောက် အနားယူရမှာ ဖြစ်ပြီး ဇွန်လ ထဲမှာ ကစားမယ့် နိုက်ဂျီးရီးယား ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ် ။

အာဂျင်တီးနား တောင်ပံ ကစားသမား အဲရစ် လာမယ်လာ ကတော့ ဆီဗီးလာ းအသင်းကနေ အလွတ်နဲ့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ လက်စတာ နည်းပြ အန်ဇို မာရက်စ်ကာ ကို ဒီ ၂ ရက် အတွင်းမှာ အပြီးသတ် ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ် ။ လန်ဒန် ကလပ် ဟာ မာရက်စ်ကာ အတွက် လက်စတာ ကို ယူရို ၁၀ သန်း ဝန်းကျင် ပေးချေရမယ်လို့လည်း သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းကတော့ နွေရာသီ အတွက် ပထမဆုံး အပြောင်းအရွှေ့ အဖြစ် မနှစ်က အငှား ခေါ်ယူထားတဲ့ တိုက်စစ်မှူး တီမိုဗာနာ ကို နောက်ထပ် တရာသီ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ် ။ စပါး ဟာ ဗာနာ ကို ရာသီအကုန်မှာ ယူရို ၁၅ သန်း ဝန်းကျင်နဲ့ အပြီးသတ် ဝယ်ယူနိုင်ခွင့်လည်း ပါရှိတယ်လို့ သိရပါတယ် ။

PSG အသင်းကတော့ ကရက်စနိုဒေါ အသင်းရဲ့ ရုရှ ဂိုးသမား မက်ဗေး ဆာဖိုနော့ဗ် ကို ၂၀၂၉ အ ထိ သက်တမ်းရှိမယ့် စာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ သိရပါတယ် ။

ချဲလ်ဆီး အသင်းဟာ လူငယ်လေး အိုမာရီ ဟတ်ချင်ဆွန် ရဲ့ စာချုပ်ကို ၂၀၂၆ ခုနှစ် အထိ သက်တမ်းတိုး လိုက်ပြီဖြစ်ပါတယ် ။ ကစားသမားလေးကို အငှားချမလား ၊ ဆက်ထားမလားဆိုတာကတော့ နည်းပြသစ် ဖြစ်လာတော့မယ့် အန်ဇို မာရက်စကာ ရဲ့ ဆုံးဖြတ်ချက် အပေါ် မူတည်မယ်လို့ သိရပါတယ် ။

ချဲလ်ဆီး ဟာ လိဒ်ယူနိုက်တက် တောင်ပံ ကစားသမား ဆမ်းမားဗီလီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေတယ်လို့လည်း သိရှိရပါတယ် ။

နာပိုလီ နဲ့ အန်တိုနီယို ကွန်တီ တို့ ဟာ ၂၀၂၇ ခုနှစ် အထိ စာချုပ်ချုပ်ဆို သွားဖို့ အလုံးစုံ သဘောတူညီမှု ရရှိထားပြီလို့လည်း ကြားသိရပါတယ် ။

လီဗာပူး အသင်းဟာ အတ္တလန်တာ ကွင်းလယ်လူ အီမာဆင် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments