Monday, February 9, 2026
spot_img
spot_img

လာလီဂါတွင် ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့မှာ အခြားအသင်းများထက် ပိုကောင်းကြောင်း အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ဝန်ခံ

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီက လာလီဂါပြိုင်ပွဲတွင် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့မှာ အခြားအသင်းများ အားလုံးထက် ပိုကောင်းကြောင်း ဝန်ခံပြောကြားခဲ့သည်။

လာလီဂါနောက်ဆုံး (၁၀) ကြိမ်တွင် ဘာစီလိုနာအသင်းက (၅) ကြိမ်၊ ရီးယဲလ်မက်ဒရစ်အသင်း (၃) ကြိမ်နှင့် အက်သလက်တီကိုအသင်း (၂) ကြိမ် ဗိုလ်စွဲထားသည်။ ယခုရာသီတွင်လည်း ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့က ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရှိရသည်။

ယင်းအနေအထားတွင် အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့မှာ အခြားအသင်းများထက် ကောင်းမွန်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီမြွန်နီက “လာလီဂါပြိုင်ပွဲမှာ ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတို့က အခြားအသင်းတွေ အားလုံးထက် ပိုကောင်းပါတယ်။ သူတို့ ခြေချော်မှသာ ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုကို မျှော်လင့်နိုင်မှာပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဆီမြွန်နီက ယခုနွေတွင် ငွေကြေးအလုံအရင်းဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် ဆော်ဒီပရိုလိဂ်အပေါ်  စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့သည်။ ၎င်းက ဆော်ဒီပရိုလိဂ်သို့ ကစားသမားများ ထပ်မံပြောင်းရွှေ့ဦးမည်ဖြစ်ပြီး ၎င်းတို့ကစားသမားများ မပါရန်မျှော်လင့်ကြောင်း ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments