Tuesday, January 13, 2026
spot_img
spot_img

လာလီဂါချန်ပီယံလုပွဲတွင် ဆက်ရှိလိုပါက လက်ကျန် (၁၈) ပွဲစလုံးကို အနိုင်ရရန်လိုအပ်ကြောင်း ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီ

ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီက မိမိတို့အသင်းအနေဖြင့် လာလီဂါချန်ပီယံလုပွဲတွင် ဆက်ရှိလိုပါက ယခုရာသီ လာလီဂါလက်ကျန် (၁၈) ပွဲစလုံးကို အနိုင်ရရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် နိုင်ပွဲဆက်နေသည့် ဘာစီလိုနာအသင်းသည် ဇန်နဝါရီ (၁၈) ရက်က ကစားခဲ့သည့် လာလီဂါအဝေးကွင်းပွဲစဉ်၌ ဂီတာဖေးအသင်းနှင့် (၁-၁) ဂိုးဖြင့် သရေပြီးနောက် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရသည်။ ဘာစီလိုနာအသင်းအနေဖြင့် ဂီတာဖေးအသင်းကို အဝေးကွင်းတွင် (၄) ရာသီဆက်တိုက် သရေကျခဲ့ခြင်းဖြစ်ပြီး လာလီဂါချန်ပီယံလုဖက် အက်သလက်တီကိုအသင်း၏ ခြေချော်မှုကို အခွင့်အရေး မယူနိုင်ဖြစ်ခဲ့ရသည်။

ဘာစီလိုနာအသင်းသည် အဆိုပါပွဲစဉ်၌ ပွဲအစ (၉) မိနစ်တွင် သွင်းယူခဲ့သည့် အသင်းနောက်ခံကစားသမား ခွန်ဒဲ၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် (၃၄) မိနစ်တွင် ဂီတာဖေးအသင်းကို ချေပဂိုးပြန်ပေးရကာ ပွဲအပြီးတွင် (၁-၁) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။

Barcelona 1-1 draw at Getafe

ယင်းပွဲတွင် ဂီတာဖေးအသင်းကို အနိုင်မရခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်း၏ လာလီဂါချန်ပီယံအိပ်မက်မှာ ထိခိုက်ခဲ့ပြီး ဇယားထိပ်မှ အသင်းများနှင့် အမှတ်ကွာဟသွားခဲ့သည်။ ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၂၀) အပြီးတွင် ရမှတ် (၃၉) မှတ်ဖြင့် အဆင့် (၃) နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ရီးယဲလ်မက်ဒရစ်အသင်း (၄၆ မှတ်)နှင့် (၇) မှတ်အထိ ကွာဟနေသလို၊ ဒုတိယနေရာမှ အက်သလက်တီကိုအသင်း (၄၄ မှတ်)နှင့်လည်း (၅) မှတ် ကွာဟနေသည်။

ထို့ကြောင့် ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီက မိမိတို့အသင်းအနေဖြင့် လာလီဂါချန်ပီယံလုပွဲတွင် ဆက်ရှိလိုပါက လက်ကျန်ပွဲများအားလုံးကို အနိုင်ကစားရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပတ်ဒရီက “လာလီဂါချန်ပီယံလုပွဲမှာ ဆက်ရှိချင်တယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံတဲ့ စွမ်းဆောင်မှုကိုုပြသနိုင်ဖို့ လိုပြီး လက်ကျန်ပွဲတိုင်းကို အနိုင်ကစားရမှာပါ။ ဂီတာဖေးနဲ့ ကစားရတာ အမြဲတမ်းခက်ခဲပါတယ်။ သူတို့ရဲ့ ခံစစ်က Low Block နဲ့ ကစားပြီး ရှုပ်ထွေးပါတယ်”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments